Monday, October 5, 2009

ကိုးကွယ်ခြင်းနှင့် အားကိုးခြင်းကိစ္စ


ကိုးကွယ်ခြင်းနှင့် အားကိုးခြင်းကိစ္စ
မေး။ ။ စာရေးသူ သိလိုသော ပြဿနာမှာ-
(က) မိမိကိုယ်သာ ကိုးကွယ်ရာ
(ခ) ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးသာ ကိုးရာဟူသောစကားနှစ်ရပ် ဖြစ်ပါသည်။
အထက်ပါစကားနှစ်ရပ်၌ (က)အရ `အားကိုး´၊ (ခ) အရ `ကိုးကွယ်´ ဟူ၍ သုံးနှုန်းမှသာ သင့်တော်ဖွယ်ရာ ရှိမည်ထင်ပါသည်။ ငယ်စဉ်အခါက ကွယ်လွန်သူ အဆိုတော်ကြီးတစ်ဦး၏ `မိမိကိုယ်သာ ကိုးကွယ်ရာ´ ဟူသော သီချင်းစာသားလည်း နားယဉ်ခဲ့ပြီး ဖြစ်ပါသည်။ ဆရာတော်ကြီး တစ်ပါး၏ `အတ္တဒီပါ အတ္တသရဏာ= မိမိကိုယ်ကို ဆီမီးတိုင်ကဲ့သို့ ထွန်းညှိပါ၊ မိမိကိုယ်ကို ကိုးကွယ်ပါ´ဟူသော စာသားလည်း မှတ်သားရဖူးပြီး ဖြစ်ပါသည်။ အခြားအခြားသော ဘာသာရေး စာမျက်နှာတို့၌ `ကိုးကွယ်ခြင်း၊ အားကိုးခြင်း၊ အားထားခြင်း၊ လဲလျောင်းခြင်း၊ အသိအမှတ်ပြုခြင်း´ ဟူသော စကားလုံးများမှာ အဓိပ္ပါယ်ရေားထွေးမှု ရှိနိုင်ပါသည်။
သို့ပါ၍ နှောင်းလူများ ရှင်းလင်းစွာ နားလည်ကြစေရန် အလို့ငှါ အားကိုးခြင်းနှင့် ကိုးကွယ်ခြင်းတို့၏ သဒ္ဒါအနက်ကိုလည်းကောင်း၊ အဓိပ္ပါယ်အနက်ကိုလည်းကောင်း၊ မည်သို့ လက်တွေ့ကျင့်သုံးအပ် သည်ကိုလည်းကောင်း ကွဲပြားသိသာစွာ ဖြေကြားပေးကြပါရန် ပညာရှင်များအား တောင်းပန်အပ်ပါသည်။
သုတဂဝေသီတစ်ဦး
မြိုင်ကလေး။ ဘားအံမြို့။

ဖြေ။ ။ မိမိကိုယ်သာကိုးကွယ်ရာ-ဟူသော စကားရပ်၏ မူရင်းပါဠိမှာ အများသိကြသည့်အတိုင်း `အတ္တာ ဟိ အတ္တနော နာထော´ ဟု ဖြစ်၏။ ထိုပါဠိသည် ဓမ္မပဒပါဠိတော်တွင် နှစ်နေရာပါ၏။
အဋ္ဌကထာတွင် `နာထောတိ ပတိဋ္ဌာ´ဟု ဖွင့်ပါ၏။ ထိုအဖွင့်အလို နာထော=ထောက်တည်ရာတည်း-ဟု အနက်မြန်မာ ပြန်ရမည်ဖြစ်ပါသည်။ နောက်တနေရာတွင် `နာထောတိ အ၀ဿယော ပတိဋ္ဌာ´ ဟု ဖွင့်ပြန်၏။ ယင်းအလိုအရ မှီရာတည်ရာ- ဟု ပြန်ဆိုရမည်ဖြစ်၏။ ယင်းပါဠိတော်မြန်မာပြန်တွင် --
အတ္တာ ဟိ အတ္တနော နာထော၊
ကော ဟိ နာထော ပရော သိယာ။
(ဓမ္မပဒ၊ ဂါထာ-160)
မိမိသည်သာ မိမိ၏ ကိုးစားရာ ဖြစ်၏။ သူတစ်ပါးသည် မိမိ၏ ကိုးစားရာ အဘယ်မှာ ဖြစ်နိုင်အံ့နည်း-ဟု ဘာသာပြန်ထား၏။
ဂါထာနံပါတ် (380) တွင်ကား (ကိုးစားရာအစား) ကိုးကွယ်ရာဟု ဘာသာပြန်ထားသည်ကို တွေ့ရပြန်၏။
`အရှင်ဂေါတမ၊ အကျွန်ုပ်သည် အရှင်ဂေါတမကို ကိုးကွယ်ရဟူ၍ ဆည်းကပ်ပါ၏။ တရားတော်ကိုလည်း ကိုးကွယ်ရဟူ၍ ဆည်းကပ်ပါ၏။ သံဃာတော်ကိုလည်း ကိုးကွယ်ရဟူ၍ ဆည်းကပ်ပါ၏။ အရှင်ဂေါတမသည် အကျွန်ုပ်ကို `ယနေ့မှစ၍ အသက်ထက်ဆုံး ကိုးကွယ်ဆည်းကပ်သော ဥပါသကာ´ဟု မှတ်တော်မူပါ။ (ဒီ၊ မြန်၊ 1။150) (အလားတူနေရာ မြောက်မြားစွာတို့၌ လည်း ဤနည်းအတိုင်းချည်းသာ)
`ကြောက်ရွံ့ထိတ်လန့်ကုန်သော များစွာသော လူတို့သည် တောင်တို့ကိုလည်းကောင်း၊ တောတို့ကိုလည်းကောင်း၊ အရံတို့ကိုလည်းကောင်း၊ အထိကရ သစ်ပင်စသော ကိုးကွယ်ရာတို့ကို လည်းကောင်း ကိုးကွယ်ကြကုန်၏။
ဤတော၊ တောင်၊ အရံ အထိကရ သစ်ပင်စသော ကိုးကွယ်ရာ ဟူသမျှကို ကိုးကွယ်ခြင်းသည် ဘေးကင်းသော ကိုးကွယ်ခြင်းမဟုတ်။ မြတ်သော ကိုးကွယ်ခြင်းမဟုတ်၊ ဤကိုးကွယ်ရာဟူသမျှကို ကိုးကွယ် ဆည်းကပ်ခြင်းကြောင့် ဒုက္ခခပ်သိမ်းမှ မလွတ်မြောက်နိုင်။
အကြင်သူသည် မြတ်စွာဘုရားကိုလည်းကောင်း၊ တရားတော်ကို လည်းကောင်း၊ သံဃာတော်ကိုလည်းကောင်း ကိုးကွယ်ဆည်းကပ်၏။ ထိုသူသည် ဆင်းရဲအမှန် ဒုက္ခသစ္စာ၊ ဆင်းရဲခြင်း၏ အကြောင်းရင်း မှန် သမုဒယသစ္စာ၊ ဆင်းရဲလွတ်မြောက်ရာအမှန် နိရောဓသစ္စာ၊ ဆင်းရဲငြိမ်းရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်းအမှန် (အင်္ဂါရှစ်ပါးရှိသော မြတ်သော) မဂ္ဂသစ္စာ ဟူသော အရိယသစ္စာ လေးပါးတို့ကို ကောင်းစွာ မဂ်ပညာဖြင့် မြင်နိုင်၏။
ဤရတနာသုံးပါးကို ကိုးကွယ်ဆည်းကပ်ခြင်းသည် ဘေးမရှိသော ကိုးကွယ်ဆည်းကပ်ခြင်း မည်၏။ မြတ်သော ကိုးကွယ် ဆည်းကပ်ခြင်း မည်၏။ ဤရတနာသုံးပါးကို ကိုးကွယ်ခြင်းကြောင့် ဒုက္ခခပ်သိမ်းမှ လွတ်မြောက်၏။ (ဓမ္မပဒ၊ ဂါထာ၊ 188 မှ 192)
အထက်ပါ ပါဠိတော်မြန်မာပြန်တို့တွင် ပါရှိသော ကိုးကွယ်ရာ ဟူသော စကားရပ်တို့သည် သရဏံ - ဟူသော ပုဒ်၏ ဘာသာပြန်များ ဖြစ်၏။
အခြားသော `နာထော´ ဟူသောပုဒ် ၊ သရဏံ- ဟူသော ပုဒ်များ ပါရှိသော ပါဠိတော်များအား ဆရာများ မည်ကဲ့သို့ ဘာသာပြန်ထားသည်ကို ဆဋ္ဌသင်္ဂါယနာမူ ပါဠိတော် မြန်မာပြန်များမှ ရှာဖွေပြပါဦးမည်။
ပတိဋ္ဌာ ၀ုယှတေ သြဃေ ၊
မြတ်စွာဘုရား ၊ အရှင်ဘုရားသည် သြဃလေးဖြာ၌ မျောပါကုန်သော သတ္တ၀ါတို့၏ ထောက်တည်ရာ ဖြစ်တော်မူပါပေ၏။
တွဥှိ နာထော အဗန္ဓုနံ။
အရှင်ဘုရားသည်သာလျှင် အဆွေမရှိသော သတ္တ၀ါတို့၏ အားကိုးရာ ဖြစ်တော်မူပါပေ၏။
ဘယဋ္ဋိတာနံ သရဏံ၊
ဘေးဖြင့် နှိပ်စက်ခံရသော သတ္တ၀ါတို့၏ ကိုးကွယ်ရာ ဖြစ်တော်မူပါပေ၏။
မုတ္တိတ္ထီနံ ပရာယဏံ ၊
လွတ်မြောက်ရေးကို အလိုရှိကုန်သော သတ္တ၀ါတို့၏ လဲလျောင်းရာ ဖြစ်တော်မူပါပေ၏။
(သဗ္ဗကိတ္တိကတ္ထေရအပါဒါန်၊ ဂါထာ-314)
အနာထာနံ ဘ၀ံ နာထော၊
အရှင်ဘုရားသည် ကိုးကွယ်ရာမဲ့သူတို့၏ ကိုးကွယ်ရာ ဖြစ်တော်မူပါပေ၏။
ဘီတာနံ အဘယပ္ပဒေါ=ဘေးမှကြောက်နေသူတို့အား ဘေးမဲ့ကို ပေးတော်မူပါ၏။
ဝိဿာမဘူမိ သန္တာနံ = ပင်ပန်းသူတို့၏ အပန်းဖြေရာ ဖြစ်တော် မူပါပေ၏။
သရဏံ သရဏေသိနံ = ကိုးကွယ်ရာကို ရှာဖွေသူတို့၏ ကိုး ကွယ်ရာ ဖြစ်တော်မူပါ၏။
( ၀ဂီင်္ီသတ္ထေရအပဒါန်၊ ဂါထာ-111)
တုဝံ နာထော မဟာဝီရ = ကြီးသောလုံလရှိတော်မူသော မြတ်စွာဘုရား၊ အရှင်ဘုရားသည် (ကျွန်ုပ်တို့၏ ) ကိုးကွယ်ရာပါတည်း။
သရဏံ ဟောဟိ စက္ခုမ = ပညာစက္ခုရှိတော်မူသော မြတ်စွာဘု ရား၊ ( ကျွန်ုပ်တို့၏ ) ကိုးကွယ်ရာ ဖြစ်တော်မူပါ။ ( ကျွန်ုပ်တို့၏ ) ကိုးကွယ်ရာ ဖြစ်တော်မူပါ။ ( ဗုဒ္ဓ၀ံသ၊ပဒုမုတ္တရဗုဒ္ဓ၀င်၊ ဂါထာ-16)
အထက်ပါ မြန်မာပြန်များကို လေ့လာကြည့်လျှင် ´နာထော`နှင့်
´သရဏံ`ဟူသော ပုဒ်နှစ်ပုဒ်လုံးကို ကိုးကွယ်ရာဟုသာ ပညာရှင်တို့ ဘာသာပြန်ထားသည်ကို တွေ့ရမည်ဖြစ်ပါသည်။
ဘာသာဋီကာ ဆရာတော်ကမူ= အတ္ထ သရဏာ= မိမိဟူသော အားကိုးရာ ရှိကုန်သည်၊ (မိမိကိုသာ အားကိုးကုန်သည်) အနညသရ ဏာ-မိမိမှတစ်ပါး အခြားသူဟူသော အားကိုးရာ မရှိကုန်သည်၊ (မိမိမှ တစ်ပါး အခြားသူကို အားမကိုးကုန်သည်)စသည်ဖြင့် သရဏ ပုဒ်ကို အများပြန်သလို ကိုးကွယ်ရာဟု မပြန်ဆိုဘဲ အားကိုးရာဟုပြန်ဆိုတော် မူ၏။ ဤသို့လျှင် နာထပုဒ်ကိုရော သရဏပုဒ်ကိုပါ အားကိုးရာဟုလည်း ကောင်း၊ ကိုးကွယ်ရာဟု လည်းကောင်း၊ ပညာရှင်များ လက်သင့်သလို ပြန်ဆိုရေးသားကြသည်ကို ထောက်၍ အားကိုးရာနှင့် ကိုးကွယ်ရာဟူ သော စကားနှစ်ရပ်မှာ အနက်အဓိပ္ပယ်အားဖြင့် များစွာမခြားနားဟူ၍ ပင် မှတ်ရမည်ဖြစ်၏။
လယ်တီဆရာတော် ဖွင့်ဆိုတော်မူအပ်သော ကိုးကွယ်ခြင်း အဓိပ္ပါယ်ကို မဂ္ဂင်္ဂဒီပနီမှ ထုတ်ပြပါဦးမည်။
`သဗ္ဗေ သတ္တာ ကမ္မပ္ပဋိဿရဏာ` ဟူသောပါဌ်၌ ကိုးကွယ်မှု့ဆို သည်ကား အားကိုးအားထားပြုမှု့၊ ဒုက္ခဘေးတို့မှ ကွယ်ကာပုန်းအောင်း ရာပြုမှု့ကို ဆိုလိုသည်။ လောက၌ အသက်ရှည်ခြင်းကို အလိုရှိကြကုန် သော လူတို့သည် ထမင်းရေစာကို အားကိုးအားထား ပြုကြရကုန်၏။ ထမင်းရေစာသည် လူတို့ ငတ်မွတ်ခြင်းဘေးကို ကွယ်ကာနိုင်၏။ ငတ် မွတ်ခြင်းဘေးကို မတွေ့လိုသောလူတို့သည် ထမင်းရေစာကို လက်ရှိပြု ကြရကုန်၏။ ထမင်းရေစာ ပြည့်စုံစွာရှိသောသူတို့၌ ငတ်မွတ်ခြင်းဘေး မလာနိုင်။ ထို့ကြောင့် သတ္တ၀ါတို့သည် ငတ်မွတ်ခြင်းဘေးအတွက် ထမင်းရေစာကို ကိုးကွယ်ကြရကုန်၏။ ထို့အတူ အနာရောဂါအတွက် ဆေးဝါးကို ကိုးကွယ်ကြရကုန်၏။ ဆေးဆရာကို ကိုးကွယ်ကြရကုန်၏။ ရန်သူအတွက် လက်နက်ကို ကိုးကွယ်ကြရကုန်၏။ ဤနည်းအတူ လောက၌ ကိုးကွယ်ရာ ခပ်သိမ်းတို့ကို အကုန်မျှော်လေ။
ကိုးကွယ်မှု့ဆိုသည်ကား ရှိခိုးပူဇော်မှု့ကိုသာ ဆိုသည်မဟုတ်၊ အားကိုးအားထားပြုမှု့၊ ကွယ်ရာကာရာပြုမှု့ အလုံးစုံသည် ကိုးကွယ် မှုချည်းပင်တည်း။ ဘုရား တရား သံဃာ ဆရာသမားစသော မိမိထက် မြတ်သော သူတို့ကိုမူကား ရှိခိုးပူဇော်၍ပင် ကိုးကွယ်ကြရကုန်၏။ ယခု ဘ၀၌ ပစ္စည်းမရှိခဲ့လျှင် ခဏချင်း ဒုက္ခရောက်တတ်၏။ ထိုဒုက္ခမှ ကြောက်ကြကုန်သဖြင့် ပစ္စည်းတို့ကို ရစေနိုင်သော လုပ်မှု့ ဆောင်မှု့ အသိ အလိမ္မာ ဥာဏ်ပညာဟူသော ကံကို အားကိုးကြရကုန်၏။ ဒါန သီလ စသော ကုသိုလ်ကံမျိုး မရှိခဲ့လျှင် နောက်ဘ၀၌ အပါယ်သို့ကျ၍ ဒုက္ခကြီးစွာရောက်တတ်၏။ ထိုဒုက္ခမှ ကြောက်ကြသဖြင့် နောက်ဘ၀၌ လူအဖြစ် နတ်အဖြစ်ကို ပေးနိုင်သော ဒါန၊သီလအစရှိသောကုသိုလ်ကံ ကို အားထုတ်ကြရကုန်၏။
လုပ်မှု့ ဆောင်မှု့ အသိ အလိမ္မာ ဥာဏ်ပညာဟူသော ပစ္စုပ္ပန်ကံမှု့ သည် ပစ္စပ္ပန်ဒုက္ခမှ ကယ်တင်နိုင်၏။ ဒါန-သီလ အစရှိသော ကုသိုလ် ကံမှု့သည် နောက်ဘ၀၌ အပါယ်ကျခြင်းဒုက္ခမှ ကယ်တင်နိုင်၏။ ယခု ဘ၀ဒုက္ခအတွက် ပစ္စပ္ပန်ကံအမှု့ကို အားကိုးကြရကုန်၏။ အားထုတ်၍ လုပ်ဆောင်ကြရကုန်၏။ ထို့ကြောင့် `သဗ္ဗေ သတ္တာကမ္မပ္ပဋိဿရဏာ`
ဟု ဟောတော်မူသည်။
ဤမျှဆိုလျှင် ကိုးကွယ်ဟူသော စကားလုံး၏ သဘောအဓိပ္ပယ် ပေါ်လွင်လောက်ပြီ ထင်ပါသည်။ မေးခွန်းရှင် ဖော်ပြထားသော `အားကိုးခြင်း၊ အားထားခြင်း၊ လဲလျောင်းခြင်း၊ အသိအမှတ်ပြုခြင်း` ဟူသော စကာလုံးများ (အနက် အဓိပ္ပယ်များ) သည် ကိုးကွယ်ခြင်း ဟူသော စကားလုံးတွင် အားလုံးအကြုံးဝင်သည်ဟု မှတ်သားသင့် ပါသည်။ ကိုးကွယ်ခြင်းဟူသော စကားလုံးကို သုံးစွဲရာ၌ ပန်း၊ ရေချမ်း စသည်တို့ဖြင့် ရှိခိုးပူဇော်ခြင်းမျိုးကိုသာ ထင်မြင်သည်ဟု ဆိုလျှင်လည်း `မိမိကိုယ်သာ အားကိုးရာ`ဟူသောနေရာမျိုး၌ ကိုးကွယ်ရာဟု မသုံး ဘဲ အားကိုးရာဟုသာ သုံးစွဲသင့်သည် မှန်ပါသည်။
ဆက်လက်၍ မည်သို့လက်တွေ့ကျင့်သုံးအပ်သည်ဟူသော အပိုင်းကို အနည်းငယ် သုံးသပ်လိုပါသည်။ ဘုရားရှင်သည် ကိုယ်အား ကိုယ်ကိုးဖို့ ဟောတော်မူရာ၌ `ရဟန်းတို့၊ သင်တို့သည် မိမိသာလျှင် ကျွန်းကြီးသဖွယ် မှီခိုရာရှိကုန်သည်ဖြစ်၍၊ မိမိမှတစ်ပါး ကိုးကွယ်ရာ ရှိကုန်သည်ဖြစ်၍နေကုန်လော့`ဟူ၍လောက်သာ ဟောတော်မူလျှင် အဓိပ္ပယ်မရှင်းလှပါ။ ဆက်လက်၍ `တရားသာလျှင် ကျွန်းကြီးသဖွယ် မှီခိုရာရှိကုန်သည်ဖြစ်၍၊ တရားမှတစ်ပါး အခြားကိုးကွယ်ရာမရှိကုန် သည်ဖြစ်၍ နေကုန်လော့`ဟု ဆက်၍ ဟောတော်မူလိုက်သောအခါ အဓိပ္ပါယ်ရှင်းလင်းသွားပါသည်။
ကိုယ့်အားကိုယ်ကိုးဟူရာ၌ ကိုယ့်တရားကို ကိုယ်အားကိုးဖို့၊မိမိ သန္တာန်၌ တရားရှိအောင် ကျင့်ဆောင်ဖို့ ဟောတော်မူလိုရင်းဖြစ်ပါ သည်။ မိမိသန္တာန်၌ တရားရှိအောင် မည်ကဲ့သို့ ကျင့်ဆောင်ရမည်နည်း ဟူမူ သတိပဋ္ဌာန်တရား ပွားများအားထုတ်ရန် ဆက်လက်၍ ဟောတော်မူပါ သည်။ (ဒီနိကာယ်၊ ပါထိက ၀ဂ်ပါဠိတော်၊ စက္က၀တ္တိသုတ်)
ဆက်လက်၍ ပါဠိစကားလုံးများကို အဓိပ္ပယ်ကောက်ယူမှု့ မမှားယွင်းစေရန် ရှင်းလင်းချက်ထုတ်ပါဦးမည်။ အတ္တဒီပါ၌ ဒီပ အရ ဤနေရာတွင် ဆီမီးတိုင်ကို မယူရပါ။
အတ္တဒီပါတိ မဟာသမုဒ္ဒဂတဒီပံ ၀ိယ အတ္တာနံ ဒီပံ ပတိဋ္ဌံ ကတွာ ၀ိဟရထ။( ဒီ၊ဋ္ဌ ၊2 ၊ 138) (အတ္တဒီပါတိ= အတ္တဒီပါဟူသည်ကား၊ မဟာသမုဒ္ဒဂတဒီပံ ၀ိယ= မဟာသမုဒ္ဒရာ၌ဖြစ်သော ကျွန်းကဲ့သို့၊ အတ္တာနံ=မိမိကို၊ ဒီပံ=ကျွန်းကို၊ပတိဋ္ဌံ =တည်ရာကို၊ ကတွာ=ပြု၍၊ ၀ိရဟထ=နေကုန်လော့။)ဟူသော မဟာပရိနိဗ္ဗာနသုတ် အဋ္ဌကထာ အဖွင့်အရလည်းကောင်း၊ အတ္တဒီပါတိ အတ္တာနံ ဒီပံ တာဏံ လေဏံ ဂတိ ပရာယဏံ ပတိဋ္ဌံ ကတွာ ၀ိဟရထာတိ အတ္ထော။ အတ္တသရဏာ တိ ဣဒံ တေဿဝေ၀၀စနံ။ (ဒီ၊ ဋ္ဌ၊ 3၊ 29) (အတ္တဒီပါတိ=ကား အတ္တာနံ=မိမိကို၊ ဒီပံ=မှီရာကျွန်းကို၊ တာဏံ=စောင့်ရှောက်တတ်သော အရာကို၊ လေဏံ=ပုန်းအောင်းရာကို၊ ဂတိ= ဖြစ်ရာကို၊ ပရာယဏံ= လဲလျောင်းရာကို၊ ပတိဋ္ဌံ= တည်ရာကို၊ကတွာ=ပြု၍၊ ၀ိဟရထ=နေကြ ကုန်လော့၊ ဣတိ အယံ=ဤသည်ကား၊ အတ္ထော=အတ္တဒီပါဟူသော ပုဒ်၌ အနက်အဓိပ္ပါယ်တည်း။) ဟူသော စက္က၀တ္တိသုတ် အဋ္ဌကထာ အဖွင့် အရလည်းကောင်း မုချအားဖြင့် ကျွန်းကိုရ၍ ဥပစာအားဖြင့် တည်ရာကို ရပါသည်။ ပကတိကျွန်းကို ရေအယဉ် မလွှမ်းမိုးနိုင်သ ကဲ့သို့ မိမိကို ကာမောဃ စသော ရေအယဉ် မလွှမ်းမိုးအောင်၊ တစ်နည်းအားဖြင့် သံသရာတည်းဟူသော ရေအယဉ် မလွှမ်းမိုး အောင် ကျင့်ဆောင်ပါဟု ဆိုလိုပါ၏။`အတ္တာ`ဟူသည် ပြောရိုးစဉ် အားဖြင့် `မိမိ`ဟု ဆိုအပ်သော ခန္ဓာကိုယ်ကြီးတစ်ခုလုံးတည်း။ ဤနေရာ၌ ထိုခန္ဓာကိုယ်ကြီးကို မဆိုလိုပါ။ ပရမတ္ထတရားကိုယ်အား ဖြင့် မိမိ၏ ကိုယ်တွင်း၌ဖြစ်သော `တရား`ကို အတ္တာဟု ဆိုလိုသည်။ ဤသို့လျှင် ပြီးစေအပ် ဖြစ်စေအပ်သော ထိုတရားသည် အသင်တို့၏ သမုဒ္ဒရာအလယ်၌ မှီရာကျွန်းသဖွယ် ဖြစ်လိမ့်မည်ဟူလို။ ထို့ကြောင့် ဓမ္မဒီပါ စသည်ကို ဆက်၍မိန့်ဆိုတော်မူသည်။
ဘာသာဋီကာ ဆရာတော်၏ အမှာကိုရှုပါဦး။
`မိမိကိုယ်ကို အားကိုးရာဖြစ်အောင် တရားတည်းဟူသော အားကိုးရာရှိအောင် ရဟန်းသည် `ကာယာနုပဿနာ ဘာဝနာကို ပွားများ၍သော်လည်း နေရ၏၊ ဝေဒနာနုပဿနာဘာဝနာ၊ စိတ္တာနု ပဿနာဘာဝနာ၊ ဓမ္မာနုပဿနာဘာဝနာကို ပွားများ၍သော်လည်း နေရ၏။ ဤသို့ပွားများ၍နေလိုလျှင် လိုချင်မှု့ `အဘိဇ္ဈာ`ကိုလည်း ကောင်း စိတ်ဆင်းရဲမှု့ `ဒေါမနဿ´ကိုလည်းကောင်း ပယ်ဖျောက် နိုင်၏။ ထိုသို့ပယ်ဖျောက်နိုင်လျှင် မိမိကိုယ်ကို မှီရာကျွန်းသဖွယ် ဖြစ်အောင်၊ တရားတည်းဟူသော အားကိုးရာရှိ အောင် နေရာ ရောက်သည်ဟု မိန့်တော်မူလိုသည်။`
No man is an Island, entire of it self ;
Every man is a piece of the Continent, a part of the main;

အထက်ပါစကားရပ်ပါ Island ဟူသော စကားလုံးအရ ထောက်တည်ရာ ဟူသော အဓိပ္ပါယ်ကို မယူဘဲ တသီးတခြားဟူသော အဓိပ္ပါယ်ကို ယူထားသဖြင့် `မိမိကိုယ်ကိုကျွန်းသဖွယ်ဖြစ်အောင်ကျင့်`
ဟူသော စကားနှင့် မည်သူမျှ ကျွန်းမဟုတ်ဘူး`ဟူသော စကားနှစ် ရပ်တို့ ဆန့်ကျင်ဘက်မဟုတ်ပါ။
မကောင်းမှုကို မိမိပြုခဲ့လျှင် မိမိသည်ပင် ညစ်နွမ်းရ၏။ မကောင်း မှုကို မိမိမပြုခဲ့လျှင် မိမိသည်ပင် စင်ကြယ်၏။ စင်ကြယ်သော ကုသိုလ် နှင့် မစင်ကြယ်သော အကုသိုလ်သည် တခြားစီသာဖြစ်၏။ သူတစ် ယောက်သည် အခြားသူတစ်ယောက်ကို ( ကိလေသာ အညစ်အကြေး မှ စင်ကြယ်အောင်) မသုတ်သင်နိုင်။ ( ဓမ္မပဒ၊ ဂါထာ-165)
အာနန္ဒာ- ယခုအခါ၌လည်းကောင်း၊ ငါဘုရား ကွယ်လွန်သော အခါ၌လည်းကောင်း၊ သူတစ်ပါးကို အားမကိုးမူ၍ မိမိကိုယ်ကို မှီခို အားကိုး ကြလျက် အခြားတရားကို အားမကိုးမူ၍ (လောကုတ္တရာ) တရားတော် ကို မှီခိုအားကိုးကာနေကြမည့် ရဟန်းအားလုံးတို့သည် သိက္ခာသုံးပါး ကို အလိုရှိသော ရဟန်းအားလုံးတို့ထက် အမြတ်ဆုံး ဖြစ်ကြပေလိမ့် မည်ဟု (မိန့်တော်မူ၏)။(ဒီဃနိကာယ်၊ မဟာပရိနိဗ္ဗာနသုတ်နှင့် စက္က ၀တ္တိသုတ်။ မဟာဝဂ္ဂသံယုတ်၊ ဂိလာနသုတ်။စုန္ဒသုတ်။ ဥက္ကစေလ သုတ်)
သံသရာမှ ထွက်မြောက်အောင် မည်သူမျှ မည်သူကို မကယ်နိုင် ပါ။ ကယ်နိုင်ပါသည်ဟု ဆိုလျှင်လည်း လူပျင်းများ လူအ-များကို လိမ် ညာ လှည့်စားကာ မြှူဆွယ်ခြင်းသာဖြစ်ပါလိမ့်မည်။ ထို့ကြောင့် အထက်ပါ ဒေသနာနှစ်ခုကို မှတ်သားဆင်ခြင်ကာ မိမိကိုယ်ကို အား ကိုးရာဖြစ်အောင် ကိုယ်စီကိုယ်င ကျင့်ဆောင်ကြိုးစားနိုင်ကြပါစေ။

အရှင်ကောဝိဒ(ယော)

http://myatpanyagon.blogspot.com/ မှကူးထားသည်။

"ဘုန်းဘုန်း တာ့တာ"


ဒီခေါင်းစဉ်ကို ဖတ်လိုက်တော့ ဆရာတော်၊ သံဃာတော်များက ဒေါ်အမာလည်း ခင်ပွန်းအနိစ္စရောက်တာနဲ့ စိတ်များ ကတောက်ကတက် ဖြစ်နေရှာထင်ပါရဲ့လို့ ကျွန်မကို သနားနေကြမလား မသိပါ။
"ဘုန်းဘုန်း တာ့-တာ" ဆိုတဲ့အသံမျိုး မကြာမကြာ ကြားရလွန်းလို့ နားကလောတာနဲ့ ဒီခေါင်းကို တပ်လိုက်မိတာပါ။ ကျွန်မတို့ဆီမှာ ကလေးငယ်တွေကို လူကြီးမိဘတွေက ဘယ်သူပြန်ခါနီးမှာပဲ ဖြစ်ဖြစ် "တာ့-တာ" လို့ နှုတ်ဆက်လိုက်ဆိုပြီး လက်ပြခိုင်းနေကြပါတယ်။
မြို့ပေါ်တင်လားဆိုတော့လည်း မဟုတ်သေးဘူး။ ဒီ တာ့-တာက တောကြိုအုံကြားအထိ ပျံ့နှံ့ဆင်းသက်လို့ နေပါတယ်။
ဒါကို ထောက်ခြင်းအားဖြင့် ကျွန်မတို့မှာ ပြန်ခါနီးနှုတ်ဆက်စကား တခု မရှိမဖြစ်၊ အပူတပြင်း လိုအပ်နေတဲ့ပုံပါပဲ။ လိုသမှ မဟားဒယားမို့ ကိုယ့်မှာလည်း မရှိလေတော့ သူများဟာကို အတင်းဆွဲယူသုံးထားရတဲ့ သဘောမျိုး ဖြစ်နေပါပြီ။
"တာ့-တာ" ဆိုတာ ဘယ်လူမျိုးက သုံးစွဲတဲ့ စကား၊ ဘာအဓိပ္ပါယ်ရှိတယ်ဆိုတာကို ဇစ်ဇစ်မြစ်မြစ် သိကြတာလဲ မဟုတ်ပါဘူး။ နို့ပေမယ့် လက်ကလေးလှုပ်ပြပြီး တွေ့ကရာလူကို "တာ့-တာ" နေကြပါတယ်။ တချို့ကများ ကဲသထက်ကဲပြီး "ဘိုင့်ဘိုင်- တာ့တာ-ချဲရီးယို" အထိ လုပ်နေကြလေရဲ့။
ကျွန်မတို့ ငယ်ငယ်တုန်းကတော့ အိမ်တအိမ်က ပြန်တော့မယ်ဆိုရင် အမေကသင်တာ လူကြီးတွေကို "ဦးတင်ပါသေးရဲ့" လို့ ပြောပြီး နှုတ်ဆက်ခဲ့ရမယ်တဲ့။ နည်းနည်းကြီးလာတော့ "ကျွန်မကို ခွင့်ပြုပါဦး" လို့ နှုတ်ဆက်ခဲ့ရတယ်။ နောက်တော်တော်ကြီးလာပြန်တော့ "ပြန်ပါဦးမယ်နော်" လို့ ပြောရတယ်။ ဒါ မြန်မာ့ နှုတ်ဆက်နည်း ဖြစ်မှာပါပဲ။ ခုခေတ်လို လက်ကလေးပြပြီး "တာ့-တာ" လို့ ဆိုမိရင် အမေက လက်များ ပုတ်ချမလား မသိဘူး။ ပြီးတော့ "ဘာလဲ ညည်းတို့စကားက တာတယ်ဆိုတာ ကောင်းမှတ်လို့ လူထဲသုံးနေရတာလား" လို့ ငေါက်မှာ အမှန်ပါပဲ။
မြန်မာစကားက လူပေါ်စ အဆင့်မျိုး မဟုတ်ပါဘူး။ ကြွယ်ဝပါတယ်။ ဝေါဟာရ မဆင်းရဲပါဘူး။ လူကြည့်ပြီး အသက်နဲ့အလိုက် ဂုဏ်သိက္ခာနဲ့အလိုက် သုံးနှုန်းပြောဆိုရတဲ့ စကားမျိုးပါ။ ဒီလိုယဉ်ကျေးမှုဟာ လူမျိုးတိုင်းမှာတောင် မရှိပါဘူး။ လူ့ယဉ်ကျေးမှု သမနိ ရှည်လှတယ်ဆိုတဲ့ တရုတ်တို့လို လူမျိုး အချို့ မှာသာ ရှိတာပါ။
အဖေလုပ်တဲ့ လူအပေါ်ကို ကိုယ်ဘယ်လောက်ကြီး မကျေလည်ပေမယ့် "မင်းကလဲကွာ" လို့ မြန်မာစကားက ပြောလို့ မရပါဘူး။ "ခင်ဗျားကြီးကလဲဗျာ" လို့ ပြောမိရင်တောင် "အဖေကို ခင်ဗျားလုံးကြီး ရိုက်ပြောတာ ရိုင်းလိုက်တာ" လို့ ဆိုပါသေးတယ်။ "ယူကလဲ ဂွကျလိုက်တာ" လို့ ပြောချင်လို့လဲ မဖြစ်ပါဘူး။ "အဖေကလဲ အဖေရာ" ဆိုတာမျိုးကို အလွန်ဆုံးပြောရတာပါ။ မြန်မာမှာ ကိုယ်က ပြောချင်တဲ့လူနဲ့ တန်ရာဝေါဟာရကို ရွေးပြီး သုံးစွဲရပါတယ်။ ဒါဟာ မြန်မာ့ယဉ်ကျေးမှုပဲ။
ခုတော့ ရည်းစားလည်း "တာ့-တာ"၊ သူငယ်ချင်းလည်း "တာ့-တာ"၊ ဘုန်းကြီးရဟန်း လည်း "တာ့-တာ" တဲ့။ ဘယ်လိုများ ဖြစ်နေကြတယ် မသိပါဘူး။
ကျွန်မတို့ မိုးကုတ်သွားလည်ကြတော့ မိတ်ဆွေတွေကို ပြန်ပါ့မယ်လို့ နှုတ်ဆက်တဲ့အခါ အိမ်တိုင်းက ပြန်နှုတ်ဆက်တဲ့စကားက "ဖြည်းဖြည်း ပြန်ပါရှင်" တဲ့။ ဒါဟာ ပြန်ခါနီး လူကို မိုးကုတ်က နှုတ်ဆက်တဲ့ စကားပါ။ မိုးကုတ်မှာ လမ်းတွေက မြေပြင်လမ်း မဟုတ်ဘူး။ အတက်အဆင်း၊ အကွေ့အကောက်တွေ၊ ကားနဲ့ ခရီးသွားရတာ။ ကားအမြန်မောင်းရင် အသက်အန္တရာယ်နဲ့ တွေ့ရတာ၊ တွေ့ပေါင်းလည်း မရေမတွက်နိုင်ဘူး။ ဒါကြောင့် သူတို့ဆီမှာ ခွဲခါနီး နှုတ်ဆက်တဲ့ လူတိုင်းကို "ဖြည်းဖြည်းပဲပြန်ပါ" လို့ နှုတ်ဆက်မှာ မှာတာထင်ပါရဲ့။ မေတ္တာ စေတနာ ကရုဏာအပြည့်နဲ့ နှုတ်ဆက်လိုက်တဲ့ စကားမို့ ကြားရသူရဲ့ နားထဲမှာ ချမ်းမြေ့ကြည်နူး လိုက်တာ။ "တာ့-တာ" နဲ့ မကွာလား။
မြန်မာမှာ နှုတ်ဆက်စကားတွေ ကြွယ်ကြွယ်၀၀ ရှိပြီးသားပါ။

လူထုဒေါ်အမာ။
သောင်းပြောင်းထွေလာမဂ္ဂဇင်း၊ တွဲ ၁၈၊ အမှတ် ၈၊ ၁၉၈၃ ဧပြီ။

MISS 50 Years old

သူငယ်ချင်းတစ်ယောက်ပို့ လာတဲ့ မေးလ်ကပါ။
၅၀ အရွယ်တွေရဲ့ အလှတဲ့။
အင်း...လှကြတုန်းပဲနော်.......။

Organizers confirmed that they’re all 50 years old

The event took place in Las Vegas

MISS 50 Years old














It must be the dry heat in Las Vegas...

ဆိုကရေတီးနှင့်အသဲကွဲလူငယ်


ဂရိ ဒဿနိကဗေဒ ပညာရှင် ဆိုကရေးတီးသည် မစားမသောက်ဘဲ မှိုင်တွေ ငေးမောနေသော
လူငယ်တစ်ဦးကို မြင်သော် အဘယ်ကြောင့် ဤသို့ ခံစားနေရသနည်းဟု မေးလေ၏။

လူငယ်.....ကျွန်တော် အသဲကွဲနေပါတယ်။
ဆိုကရေးတီး....အော်...ဒါကဖြစ်တတ်ပါတယ်။ အသဲကွဲလို့ နာကျင်တာ
မခံစားရဘူးဆိုရင် ချစ်ခဲ့ရတာ အရသာ မရှိသလိုဘဲ။ ဒါပေမယ့်....လူလေးက
ဘာဖြစ်လို့ ဒီအသဲကွဲတဲ့ ဝေဒနာကို ချစ်တာထက် ပိုနစ်ပြီး ခံစားနေရ သလဲ...?

လူငယ်....လက်ထဲရောက်လာတဲ့ စပျစ်သီးကို ပစ်လိုက်ရတယ်။ ဒီလိုခံစားရတဲ့
ဆုံးရှုံးမှု ဝေဒနာကို လူငယ် မဟုတ်တဲ့ ခင်ဗျားက ဘယ်နားလည်နိုင်မလဲ...
တီး....ပစ်လိုက်ရပြီဆိုလဲ ပစ်လိုက်ရပြီပေါ့။ ဘာလို့ရှေ့ဆက်
မလျောက်ရတာလဲ... ဒီထက် ပိုချိုတဲ့ စပျစ်သီးတွေ အများကြီးပါ။

လူငယ်...ကျွန်တော် စောင့်မျှော်နေတာ။ သူလည်ပြန် လာမဲ့နေ့ကို ကျွန်တော်စောင့်နေတာပါ။

တီး....တကယ်လို့ ဒီလိုနေ့မျိုး လုံးဝ ရောက်မလာခဲ့ဘူးဆိုရင်
တစ်ခြားတစ်ယောက် လက်ထဲ သူပါသွားတာကိုပဲ လူလေး ကြည့်နေရလိမ့်မယ်။

လူငယ်....ကျွန်တော့်ကို ကျွန်တော်အဆုံးစီရင်ပြီး သူ့ကိုချစ်တဲ့အကြောင်း
သက်သေ ပြမှာပေါ့။
တီး.....ဒီလိုသာ သက်သေပြမယ်ဆိုရင် ကိုယ့်ချစ်တဲ့သူကိုလဲ ဆုံးရှုံးမယ်။
ကိုယ့်ကိုကိုယ် လည်း ဆုံးရှုံးမယ်။ နှစ်ဦးနှစ်ဖက်ရဲ့ ဆုံးရှုံးခြင်းကို
လူလေး ခံစားရလိမ့်မယ်။

လူငယ်....ဒါဆို သူ့ဘ၀ ပျက်စီးအောင်လုပ်မယ်။ ကျွန်တော်မရတာကို သူတစ်ပါး
လည်း မရစေချင်ဘူး။
တီး......ဒီလိုလုပ်ရပ်က သူနဲ့ ပိုဝေးစေမယ်။ လူလေးက သူနဲ့နီးချင်တာ မဟုတ်လား။

လူငယ်....ဒါဆို ကျွန်တော် ဘာလုပ်ရမလဲ။ ကျွန်တော် သူ့ကို အရမ်းချစ်တယ်။
တီး.....တကယ် အရမ်းချစ်လား....?

လူငယ်....တကယ်။
တီး......ကိုယ့်ချစ်တဲ့သူကို ပျော်ရွှင်စေချင်တယ် မဟုတ်လား....?

လူငယ်.....ဒါပေါ့...ကိုယ့်ချစ်တဲ့သူကို ပျော်ရွှင်စေချင်တာပေါ့။
တီး.......တကယ်လို့...လူလေးကို ခွဲသွားတာက သူ့အတွက် ပျော်ရွှင်ခြင်းလို့
သူထင်ခဲ့ ရင်ကော...

လူငယ်.....မဖြစ်နိုင်တာ...ကျွန်တော်နဲ့နေမှ သူပျော်ရွှင်တယ်လို့ အရင်က
သူပြော ခဲ့ဖူးတယ်။
တီး.....အဲတာက အရင်က...ပြီးခဲ့ပြီလေ။ ခုတော့ သူက ဒီလိုမထင်တော့ဘူးလေ။

လူငယ်....သဘောက ကျွန်တော့်ကို သူလိမ်ခဲ့တာပေါ့။
တီး.....ဒီသဘော မဟုတ်ဘူး။ လူလေးအပေါ် သူသစ္စာရှိခဲ့တယ်။ ချစ်တုန်းက
လူလေးနဲ့ အတူနေခဲ့တယ်။ အခုမချစ်တော့ ခွဲသွားတယ်။ ဒီလောကမှာ ဒီထက်မြတ်တဲ့
သစ္စာ မရှိတော့ဘူး။ မချစ်တော့ဘဲနဲ့ သူဟာချစ်ချင် ဟန်ဆောင်ပြီး လူလေးနဲ့
အတူရှိနေမယ်၊ မင်္ဂလာဆောင်မယ်၊ သားသမီးတွေ မွေးမယ် ဒါကမှ တကယ့်
လိမ်ညာတယ်လို့ ခေါ်တာ။

လူငယ်....သူ့ကို နစ်နစ်ကာကာ ချစ်ခဲ့တဲ့ ကျွန်တော့်ရဲ့ အချစ်တွေ အလာဟသ
ဖြစ်ကုန်ပြီပေါ့။ ဘယ်သူ အလျော်ပေးနိုင်မလဲ...?
တီး.....မဟုတ်ဘူး...လူလေးရဲ့ အချစ်တွေ အလာဟသ မဖြစ်ခဲ့ပါဘူး။ အလျော် ဆိုတာ
အချစ်မှာ မရှိဘူး။ ဘာဖြစ်လို့လဲဆိုတော့ လူလေးရဲ့ အချစ်တွေ
သူ့ကိုပေးဆပ်နေတဲ့ အချိန်မှာ သူကလဲ သူ့အချစ်ကို လူလေး အတွက် ပေးဆပ်နေတယ်။
သူ့ကို ပျော်ရွှင်စေခဲ့သလို လူလေးကိုလဲ သူက ပျော်ရွှင်စေခဲ့တယ်။

လူငယ်....ဒါပေမယ့်...အခု ကျွန်တော့်ကို သူက မချစ်တော့ဘူး။ ကျွန်တော်က
သူ့ကို ချစ်နေသေးတယ်။ ဒါဟာ မတရားဘူး။
တီး.....ဟုတ်တယ် မတရားဘူး။ ဆိုလိုချင်တာက လူလေးချစ်တဲ့သူအတွက် မတရားဘူး။
သူ့ကိုချစ်တာဟာ လူလေးရဲ့ အခွင့်အရေး ဒါပေမယ့် သူပြန်ချစ်တာ မချစ်တာက
သူ့အခွင့်အရေး၊ ကိုယ့်အခွင့်အရေးကိုပဲ မျှော်ကိုးပြီး သူတစ်ပါးရဲ့
လွတ်လပ်တဲ့ အခွင့်အရေးကို ကိုယ်က တားဆီးပိတ်ပင်မယ်။ ဒါမှ မတရားတာ
...ဘယ်လောက် ကိုယ်ချင်းစာစိတ် မရှိသလဲ...

လူငယ်....ခင်ဗျားပြောပုံနည်းအရဆိုရင် နောက်ဆုံးတော့ အရာအားလုံးဟာ
ကျွန်တော့် အမှားတွေပေါ့။
တီး....ဟုတ်တယ်...စတာနဲ့ လူလေးမှားခဲ့ပြီ။ တကယ်လို့ ကိုယ်ကသူ့ကို
ပျော်ရွှင်ခြင်းတွေ ပေးနိုင်ခဲ့ရင် ကိုယ့်ကို သူခွဲသွားမှာ မဟုတ်ဘူး။
ပျော်ရွှင်ခြင်းနဲ့ ကင်းကွာချင်တဲ့လူ မရှိဘူး...ဒါကိုတော့ မှတ်ထားပါ။

လူငယ်....ပျော်ရွှင်ခြင်းဆိုတာ ဘာလဲ....? ကျွန်တော့်အသဲနှလုံး အချစ်တွေ
အားလုံး ပုံပေးလိုက်တာတောင် သူက မလုံလောက်လို့လား..?သူဘာကြောင့်
ကျွန်တော့်ကို ခွဲသွားရသလဲ....? ဒါဟာ ရက်စက်တယ်လို့ မထင်ဘူးလား...?
တီး.....ရက်စက်တယ်။ ဒီလို ရက်စက်တဲ့ လူတစ်ယောက်ရဲ့ စက်ကွင်းက
လွတ်သွားတာကိုပဲ ပျော်ရွှင်ရမယ် မဟုတ်လား...? လူလေး

လူငယ်....ပျော်ရမယ်...? မဖြစ်နိုင်တာ.....ဘာပဲပြောပြော ကျွန်တော်ဟာ
အစွန့်ပစ်ခံရသူ၊ ကိုယ့်ကိုကိုယ် ညံ့တယ်လို့ ခံစားမိတယ်ဗျာ။
တီး.....မဖြစ်နိုင်တာ...လူငယ်တွေရဲ့ စိတ်မှာ ကြီးမြတ်တာပဲ ရှိသင့်တယ်။
ညံ့တယ်ဆိုတာ မရှိသင့်ဘူး။ မှတ်ထားရမှာက စွန့်ပစ်ခံရတိုင်း မကောင်းလို့
မဟုတ်ဘူး။

လူငယ်....ဒါ ဘာအဓိပ္ပါယ်လဲ....?
တီး.....တစ်ခါက ဆိုင်တစ်ဆိုင်မှာ တန်ဖိုးကြီးတဲ့ ၀တ်စုံတစ်စုံကို
ကျွန်တော် တွေ့ခဲ့တယ်။ လိုချင်တာလဲ အရမ်းပဲ။ ရောင်းတဲ့လူက ကျွန်တော့်ကို
ယူမလား မယူဘူးလားတဲ့။ ကျွန်တော် ဘာပြန်ပြော လိုက်သလဲ သိလား...? အ၀တ်စက
ညံ့လွန်းတယ် မယူဘူးလို့။ တကယ်တော့ ကျွန်တော့် အိတ်ကပ်ထဲမှာ
ပိုက်ဆံမရှိလို့။ လူလေးက အဲဒီ အစွန့်ခံ ၀တ်စုံလိုပါပဲ။

လူငယ်....ခင်ဗျား တော်တော်နှစ်သိမ့်တတ်တာပဲ။ ဒါပေမယ့်
နှမြောဖို့ကောင်းတာက ဒီအသဲကွဲတဲ့ ဝေဒနာထဲ ကနေ ကျွန်တော်ကို ခင်ဗျား
ဆွဲမထုတ်နိုင်ခဲ့ဘူး။
တီး....ဟုတ်ပါတယ်။ ဆွဲထုတ်နိုင်တဲ့အစွမ်း မရှိခဲ့လို့
ကျွန်တော်ဝမ်းနည်းပါတယ်။ ဒါပေမယ့် အစွမ်းရှိတဲ့ လူတစ်ဦးနဲ့
မိတ်ဆက်ပေးပါရစေ။

လူငယ်.... ဘယ်သူလဲ....?
တီး.....အချိန်တဲ့။ အချိန်ဆိုတာ လူတွေရဲ့ အကြီးမားဆုံးသော
လမ်းညွှန်ဆရာ...အသဲကွဲ ဝေဒနာကို အလူးအလှိမ့် ခံစားနေရတဲ့ လူတွေကို
ကျွန်တော်မြင်ဖူးတယ်။ အချိန်က သူတို့ ခံစားရတာတွေကို ကုစားပေးလိုက်တယ်။
နောက်ပြီး လူတွေကို အသစ်တစ်ဖန် ရွေးချယ်စေခဲ့တယ်။ လူတွေက ကိုယ်နဲ့
ထိုက်တန် တဲ့ ရွေးချယ်မှုတွေမှာ ပျော်ရွှင်ခြင်းတွေကို ခံစားခဲ့ရတယ်။

လူငယ်.....ဒီလိုဖြစ်လာမယ့်နေ့ကို ကျွန်တော် မျှော်လင့်ပါတယ်။
ကျွန်တော်ဘယ်က နေ ခြေလှမ်း စလှမ်း ရမလဲ...?
တီး....ကိုယ့်ကို စွန့်ပစ်ခဲ့တဲ့ လူကို အရင်ဆုံး ကျေးဇူးတင်ပါ။ တောင်းဆုပြုပါ။

လူငယ်....ဘာဖြစ်လို့လဲ....?
တီး.... သူက ကိုယ့်ကို သစ္စာတွေပေးခဲ့လို့ပဲ။ ကိုယ့်ကို အသစ်တစ်ဖန်
ရွေးချယ်နိုင်တဲ့ အခွင့်အရေးကို သူက ပေးခဲ့လို့ပါပဲ။

forward mail ကပါ။

နှစ်သက်မိတဲ့အက

ဖောက်ထွင်းမြင်ရသော သတ္တ၀ါ ၁၀ မျိုး

ဖောက်ထွင်းမြင်ရသော သတ္တ၀ါ ၁၀ မျိုး

၁ ။ ဖောက်ထွင်းမြင်နိုင်သော ဖား ( Transparent Frog )

ဒီကုန်းနေ ရေနေသတ္တ၀ါ ဖြစ်တဲ့ ဖောက်ထွင်းမြင်နိုင်တဲ့ ဖားဟာ Venezuela နိုင်ငံမှာ တည်ရှိပြီး Centrolenidae ( Anura )အုပ်စုဝင် ဖြစ်ပါတယ် ။ သူ့ရဲ့ သဘာဝ ကြည်လင်နေတဲ့နောက်ခံ အရောင်ဟာ အစိမ်းရောင် ဖြစ်ပါတယ်။ ဒီမျိုးစိတ်တွေရဲ့ အချို့သော အုပ်စုဝင်ဖားတွေရဲ့ ၀မ်းဗိုက်ပိုင်း အရေပြားဟာဖောက်ထွင်းမြင်ရပြီး အရေပြားမှတဆင့် နှလုံး ၊ အသဲ၊ အစာခြေလမ်းကြောင်းတို့ကို မြင်နိုင်ပါတယ် ။ ( Heidi နှင့် Hans-Jurgen Koch ) တို့က ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။

၂ ။ ဖောက်ထွင်းမြင်ရတဲ့ ငါးခေါင်း ( Transparent Head Fish )


ဒီကိုးရိုးကားယားနိုင်တဲ့ ရေနက်ပိုင်းငါးကို Barreleye ( Macropinna microstoma ) လို့ခေါ်ပါတယ်။ သူ့မှာ ဖောက်ထွင်းမြင်နိုင်တဲ့ဦးခေါင်းပါရှိပြီး tubular ပုံစံ မျက်လုံးတစ်စုံကို ပိုင်ဆိုင်ပါတယ် ။ သူရဲ့ဦးခေါင်းမှာ အရည်တွေက အကာအရံတွေတစ်ခုသဖွယ် ပြည့်နေပြီး သူ့ရဲ့မျက်လုံးတွေက အလင်းရောင်ကို အရမ်းပဲ sensitive ဖြစ်ပြီး ကြည်လင်နေတဲ့ ဦးခေါင်းထဲမှာ မျက်လုံးတွေဟာ လည်ပတ်နိုင်ပါတယ်။ မျက်ကြည်လွှာကတော့ အစိမ်းရောင်ဖြစ်ပြီး ဦးခေါင်းထမှာ တည်ရှိပါတယ် ။ မျက်လုံးတွေဟာ အပေါ်ဘက်ကို လှန်ကြည့်နိုင်ပြီး (ဖောက်ထွင်းမြင်ရတဲ့အတွက် ) အစာဘယ်နေရာမှာရှိတယ်ဆိုတာကို ကြည့်နိုင်ပါတယ်။ အရှေ့စူးစူးကိုလည်း စူးစိုက်ပြီးကြည့်နိုင်ပါတယ် ။ ဒီငါးရဲ့ပါးစပ်ပေါ်က အစက်နှစ်စက်က မျက်လုံးမဟုတ်ပါဘူး ။ သူတို့ဟာ အနံ့ခံနိုင်တဲ့ အာရုံခံအစိတ်အပိုင်း နှာယောင်( nares ) ပဲဖြစ်ပါတယ်။ ဒါဟာ လူတွေရဲ့ နှာယောင် ( nostrils ) နဲ့လည်း ဆင်တူပါတယ် ။ ( Mbar ကရိုက်ကူးခဲ့တာ ဖြစ်ပါတယ် )

၃။ ဖောက်ထွင်းမြင်ရတဲ့ လိပ်ပြာ

ဒီလိပ်ပြာတွေကို Central America မှာတွေ့ရှိနိုင်ပြီး Mexico နဲ့ Panama တလျှောက်မှာလည်း တွေ့နိုင်ပါတယ်။ ကြည်လင်နေတဲ့လိပ်ပြာတောင်ပံတွေ ( Greta Oto ) ဟာ bursh-footed လိပ်ပြာမျိုး ဖြစ်ပြီး သူတို့ရဲ့ တောင်ပံတွေဟာ ဖောက်ထွင်းမြင်နိုင်ပါတယ် ။ သူတို့ရဲ့တောင်ပံတွေမှာ ရှိတဲ့ သွေးပြန်ကြောတွေကြားက တစ်ရှူးတွေဟာ ဖန်သားနဲ့ တူလှပါတယ်။ ( Hemmy က ရိုက်ကူးခဲ့တာ ဖြစ်ပါတယ် )

၎။ ဖောက်ထွင်းမြင်ရတဲ့ ကင်းမွန် ( Transparent Squid )

ဒီကင်းမွန်ကို Southern hemisphere's oceans မှာတွေ့နိုင်ပါတယ်။ ဒီဖန်ကင်းမွန် ဟာ Teuthowenia pellucida အုပ်စုဝင်ဖြစ်ပြီး တောက်ပတဲ့ အင်္ဂါအစိတ်အပိုင်းတွေ နဲ့ ဘောလုံးကဲ့သို့ လည်နိုင်သော မျက်လုံးတစ်စုံကိုလည်း ပိုင်ဆိုင်ပါတယ် ။ ရေနေဖြူကောင်နဲ့လည်း ဆင်တူပါတယ် ။ ဒီကင်းမွန်တွေဟာ ရေနက်ပိုင်းငါးတွေ ( ဥပမာ goblin shark ) ရဲ့ သားကောင်ဖြစ်ပြီး ဝေလငါးတွေနဲ့ ပင်လယ်ပြင်ကျက်စားတဲ့ငှက်ကြီးတွေရဲ့ အစာလည်းဖြစ်ပါတယ် ။

၅။Scientist တွေတီထွင်ထားတဲ့ ဖောက်ထွင်းမြင်နိုင်တဲ့ ( Transparent Zebrafish )

ပင်လယ်ပြင် တလျှောက်မှာ တွေ့နိုင်တဲ့ ဒီ zebrafish တွေကို ပညာရှင်တွေက ၂၀၀၈ ခုနှစ်မှာ ဖန်တီးခဲ့တာ ဖြစ်ပါတယ်။ ရည်ရွယ်ချက်ကတော့ရောဂါတွေ ကင်ဆာဆဲလ်တွေ ပြန့်နှံ့ပုံကို လေ့လာဖို့ပဲ ဖြစ်ပါတယ်။ ဒီငါးရဲ့ ကိုယ်တွင်းအင်္ဂါတွေကို တိုက်ရိုက်ကြည့်ရှုလေ့လာ ဖို့အတွက် Bostonမှာရှိတဲ့ ကလေးဆေးရုံမှ researher တွေကို ခွင့်ပြုခဲ့ပါတယ် ။ သက်ရှိသတ္တ၀ါတွေမှာ ကင်ဆာပျံ့နှံ့ကြီးထွားပုံကို လေ့လာဖို့အတွက် ပဲဖြစ်ပါတယ်။( LS ကနေရိုက်ကူးခဲ့တာဖြစ်ပါတယ် )

၆ ။ ဖောက်ထွင်းမြင်နိုင်တဲ့ ရေခဲငါး ( Transparent icefish )

ရေခဲတမျှအေးမြနေတဲ့ Antarctica နဲ့ Southern America မှာရှိတဲ့ ပင်လယ်ပြင်တွေမှာ တွေ့မြင်နိုင်ပါတယ် ။ ဒီမိချောင်းအနွယ်ဝင် ရေခဲငါးတွေဟာChannichthyidae အုပ်စုကိုပိုင်ဆိုင်ပြီး သူတို့ဟာ ပုဇွန်ဆိတ်လေးတွေ ၊ copepod နဲ့ အခြားငါးတွေကို စားသုံးပါတယ် ။သူတို့ရဲ့ သွေးဟာ ကြည်လင်နေပါတယ် ။ သူတို့မှာ သွေးနီဥ ( haemoglobin ) မရှိပဲ ထုတ်လုပ်တဲ ဆဲလ် ( erythrocytes ) အနည်းငယ်သာ ရှိပါတယ် ။ဇီဝကမ္မဖြစ်စဉ်အရဆိုရင် အောက်ဆီဂျင်ဟာ သွေးရည်ထဲမှာ ပျော်ဝင်သွားပြီး အဲဒီအောက်ဆီဂျင်ကို အရေပြားမှ တဆင့် ရေထဲမှ တိုက်ရိုက်စုပ်ယူတယ်လို့ သိရပါတယ်။ဘာကြောင့်လည်းဆိုတော့ ရေမှာ အောက်ဆီဂျင်ဟာ အအေးဆုံးအချိန်မှာ ပျော်ဝင်နိုင်လို့ပါပဲ ။ သူတို့ရဲ့ ကြွက်သားထဲမှာ ရှိတဲ့ ကြွက်သားဆဲလ် ( myoglobin )ဟာ တောက်ပြောင်နေပြီး ပန်းရောင်နှလုံးသားအစား အဖြူရောင်ကိုသာ တွေ့မြင်နိုင်မှာဖြစ်ပါတယ် ။ ( Uwe kils ကရိုက်ကူးခဲ့တာဖြစ်ပါတယ် )

၇ ။ ဖောက်ထွင်းမြင်ရသော ကုန်းနေရေနေသတ္တ၀ါ ( Transparent Amphipod )

သူတို့ကို Phronima လို့ခေါ်ပြီး လတ်တလောရှာဖွေတွေ့ရှိထားတဲ့ မျိုးစိတ်တွေထဲမှာ အထူးဆန်းဆုံး သတ္တ၀ါလည်းဖြစ်ပါတယ် ။ ဒီကောင်တွေကို တောင်တွေဝန်းရံထားတဲ့ North Atlantic ပင်လယ်နက်ပိုင်းတွေမှာ တွေ့နိုင်ပါတယ် ။ ပုဇွန်ဆိတ်နဲ့ဆင်တူတဲ့ ဒီကောင်က သူရဲ့ အသက်ရှင်လွတ်မြောက်ဖို့ အ တွက်ကျုံ့နိုင်ဆန့်နိုင်ပြီး ရုတ်တရက်ပျောက်ကွယ် သွားအောင်လည်း ပြုလုပ်နိုင်ပါတယ် ။ သူ့လိုပဲ ပင်လယ်ရေနက်ပိုင်း အကောင်တွေဟာ ဖောက်ထွင်းမြင်နိုင်ပြီး ပတ်ဝန်းကျင်မှာ ရုတ်တရက် မမြင်ရအောင်ကြည်လင်နေပြီး အန္တရာယ်တွေကနေ လွတ်မြောက်အောင်ပြု လုပ်နိုင်ပါတယ် ။( David Shale က ရိုက်ကူးခဲ့တာ ဖြစ်ပါတယ် )

၈။ဖောက်ထွင်း မြင်နိုင်တဲ့ ပုဇွန်ဆိတ် ( Transparent Larval Shrimp )

Hawaii ပင်လယ်ပြင်မှာ တွေ့နိုင်ပြီး Jellyfish ကဲ့သို့ သူ့ကိုလည်း ဖောက်ထွင်းပြီးမြင်နိုင်ပါတယ် ။ ( Chris Newbert/Minden ကရိုက်ကူးခဲ့တာ ဖြစ်ပါတယ် )

၉ ။ ဖောက်ထွင်းမြင်နိုင်တဲ့ ( Transparent Salp )

Jellyfish နဲ့တူတဲ့ ဒီသတ္တ၀ါကို Salps လို့ခေါ်ပါတယ် ။ သူတို့ဟာ ရေထဲမှာရှိတဲ့ အပင်ငယ် ၊ ရေမှော်ပင် ( phytoplankton - marine algae ) တွေကိုစားသုံးပါတယ် ။ သူတို့ဟာ ဖောက်ထွင်းမြင်ရပြီး သေနတ်ပြောင်းပုံစံအကောင်ဟာ အရှည်အားဖြင့် ၁ မှ ၁၀ စင်တီမီတာ ထိရှိတယ်လို့ သိရပါတယ် ။ ( DM ကရိုက်ကူးခဲ့တာ ဖြစ်ပါတယ် )

၁၀ ။ ဖောက်ထွင်းမြင်နိုင်တဲ့ ဂျယ်လီငါး ( Transparent Jellyfish )

Jellyfish တွေဟာ Phylum Cnidaria အနွယ်ဝင် ဖြစ်ပြီး သမုဒ္ဒယာ တိုင်းမှာ နက်ရှိုင်းတဲ့ပင်လယ် ပြင်တွေရဲ့ မျက်နာပြင်တွေမှာ တွေ့နိုင်ပါတယ် ။ ဒီဂျယ်လီတွေဟာ ဖောက်ထွင်းမြင်နိုင်ပြီး သူတို့ကို တွေ့မြင်နိုင်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး ။ အပေါ်မှာ ပြထားတဲ့အကောင်ကတော့ Arctapodema genus ဖြစ်ပြီး အရှည်ကတော့၂.၅ စင်တီမီတာ ရှည်ပါတယ် ။ ( Bill Curtsinger ကရိုက်ကူးခဲ့တာ ဖြစ်ပါတယ် )


စာရေးသူ......သက်တန့်ချို.....( ၁း၁၁ မနက် ၃.၉.၀၉ )


http://thettantcho.blogspot.com/ မှ

ကော်ဖီနှင့်ရောဂါ

ကမ္ဘာ့လူဦးရေ သန်းပေါင်းများစွာဟာ ကော်ဖီကို ကြိုက်နှစ်သက်ကြတယ်. . ကော်ဖီနှင့်ပတ်သက်ပြီး ကောင်းကျိုး ဆိုးကျိုးတွေကို ပြောကြသလို အမျိုးမျိုးလည်း သတ်မှတ်ကြပါတယ်. . တချို့ ကကော်ဖီမှာ ကဖိန်းဓာတ်ပါလို့ အာရုံကြောကို ဒုက္ခရောက်စေတယ်လို့ ဆိုကြတယ်. . .မကြာသေးခင်က ထွက်ရှိခဲ့တဲ့ အစီရင်ခံစာများထဲတွင် ကော်ဖီနှင့်ပက်သက်ပြီး ကောင်းကျိုးတွေပါလာပါတယ်. . ကော်ဖီဟာရောဂါကြီးတွေကိုတောင် သက်သာစေနိုင်တယ်လို့ ပြောတယ်. . စိတ်ရောကိုယ်ပါ လန်းဆန်းပြီး ကျန်းမာစေတယ်လို့ ဖော်ပြခဲ့ပါတယ်. .

နှလုံးကို အားကောင်းစေပါသလား

အရင်ကတော့ ကော်ဖီဟာ နှလုံးကို အားနည်းစေတယ် . . နှလုံးမကောင်းဘူးလို့ ကောက်ချက်ချခဲ့ကြတယ်. . . လွန်ခဲ့တဲ့ အနှစ်၂၀က ဆိုရင် လေ့လာဆန်းစစ်မှုများကို ဥရောပကလုပ်ကြပြီး ကော်ဖီပြင်းပြင်းသောက်ရင် ကိုလက်စထရော အများကြီးဖြစ်ပေါ်စေတယ်လို့ ပြောကြတယ်. . . သုတေသီတွေကလည်း အမျိုးမျိုး ဆန်းစစ်ကြည့်ကြပါတယ်. . အဲဒီအခါမှာ ကော်ဖီကို ပုံမှန်သောက်မယ် အလွန်အကျွံ့မဟုတ်ဘဲ အသင့်အတင့် သောက်မယ်ဆိုရင် မိမိရဲ့ သွေးတိုးစေမှုကို အန္တရာယ် မဖြစ်ဘူး . . သွေးတိုးရောဂါလည်း မဖြစ်ဘူးလို့ ဆိုပါတယ် . . ဒါ့အပြင် သွေးခုန်နှုန်း မမှန်တာတွေကို မှန်အောင် အားပေးတယ်. . ကျန်းမာရေး ကောင်းတဲ့ သူတွေဖြစ်အောင် ကော်ဖီကအကျိုးပြုပါတယ်လို့ ဆိုပါတယ် . . ကော်ဖီကြောင့် နှလုံးရောဂါဖြစ်တယ်ဆိုတာ အခုမှဟုတ်တော့ပါဘူးလို့ ဟားဗတ်တက္ကသိုလ်က မိယာစတင်ဖာက ပြောပါတယ်. . ကော်ဖီသောက်တာနဲ့ နှလုံးရောဂါဖြစ်တာ ဘယ်လိုမှ မပတ်သက်ဘူးဆိုတာလည်း သိရှိလာရပါတယ်. . .

ပါကင်ဆန်ခေါ် ခြေတုန်လက်တုန်ရောဂါကို ကာကွယ်ပေးခြင်း

ယခုအခါ ကော်ဖီရဲ့ အာနိသင်နဲ့ပတ်သက်ပြီး အသစ်တွေ့ရှိတာက အသက်ကြီးတဲ့ အခါ ဖြစ်တတ်တဲ့ ပါကင်ဆန်ခေါ် ခြေတုန်လက်တုန်ရောဂါကို သက်သာပျောက်ကင်းစေသလို မဖြစ်အောင်လည်း ကာကွယ်တယ်လို့ ဆိုပါတယ်...

ကော်ဖီများများသောက်ရင် ကိုယ်ဝန်ပျက်စီးစေသလား

ကနေဒါက ကော်ဖီနဲ့ပတ်သက်ပြီး လေ့လာဆန်းစစ်သူတွေဟာ သားပျက်ကျတဲ့ ကိုယ်ဝန်ဆောင်သည်တွေကို စစ်ဆေးကြည့်တဲ့အခါ ၃၆% ဟာ တစ်နေ့ကို ကော်ဖီနှစ်ခွက်သောက်တဲ့သူတွေ ဖြစ်တယ်လို့သိရပါတယ်. . သူတို့ဟာ ကော်ဖီမသောက်တဲ့ မိန်းမတွေထက်ပိုပြီး အဖြစ်များတာ တွေ့ရတယ်. . . ဒါပေမယ့် အမေရိကန်ပြည်ထောင်စု က လူသားဖွံ့ဖြိုးမှုနှင့် ကလေးကျန်းမာရေး အမျိုးသားဌာနက ဒေါက်တာ မက်ကလေဘာနော့က ဒီအဆိုဟာ မသေချာပါဘူး. ကော်ဖီမသောက်ဘဲနဲ့လည်း သားပျက်ကျတဲ့ မိန်းမတွေ အများကြီးရှိတယ်. . . ကော်ဖီသောက်လို့သားပျက်တယ်ဆိုတာကတော့ အခုအချိန်ထိ အသေအချာ ပြောလို့မရသေးပါဘူး ကော်ဖီကို တစ်နေ့ ၅ခွက်၊ ၆ခွက် အလွန်အကျွံ့သောက်တဲ့ သူတွေကတော့ သားပျက်တာဖြစ်နိုင်ပါတယ်လို့ ပြောပါတယ်. . .

ကင်ဆာရောဂါဖြစ်နိုင်သလား

၁၉၈၀ ခုနှစ်ကာလတွေတုန်းကတော့ ကော်ဖီသောက်လို့ရှိရင် ပန်းခရိကင်ဆာဖြစ်နိုင်တယ်လို့ ပြောပါတယ်. . . အဲဒါဟာ တမင်ခြောက်လှန့်တာသက်သက်ပဲ ဖြစ်ပါတယ် ဒါကြောင့်လေ့လာဆန်းစစ်မှုတွေ လုပ်ကြည့်တဲ့ အခါ ကော်ဖီကြောင့် ဖြစ်တယ်ဆိုတာ လက်မခံကြပါဘူး နောက်တစ်ချို့လည်း ဆီးအိမ်ကင်ဆာဟာ ကော်ဖီသောက်လို့လည်းပြောပါတယ်. . . ဒီအချက်ဟာလည်း လေ့လာဆန်းစစ်ကြည့်တဲ့အခါ မမှန်ကန်တာကို တွေ့ရပါတယ်. . တစ်နေ့ကို ကော်ဖီ၁၀ခွက်ကျော် သောက်တဲ့ လူတွေမှာတော့ ကျန်းမာရေး ထိခိုက်စေတာကို တွေ့ရပါတယ် .. . . ဒါပေမယ့် အူမကြီး ကင်ဆာ ဖြစ်တဲ့အခါ ကော်ဖီကြောင့်ဆိုတာကိုတော့ ယနေ့တိုင် မတွေ့ရှိရသေးပါ. . .

အားကစားနှင့်ကော်ဖီ

ကဖိန်းဟာ အမှန်တကယ်တော့ စိတ်ကြွမှုအားကောင်းစေတဲ့ ဓာတ်တစ်မျိုးဖြစ်ပါတယ်. . . နိုင်ငံတကာ အိုလံပစ် ကော်မတီက သွေးထဲမှာ ကဖိန်းဓာတ် ဘယ်လောက်ရှိရမလဲဆိုတာကို ကန့်သတ်ထားပါတယ် . . . ပြိုင်ပွဲများတွင် စိတ်ကြွဆေး သုံးမသုံး သက်ဆိုင်ရာ စမ်းသပ်စစ်ဆေးတဲ့အခါ ကဖိန်းဓာတ် ဘယ်လောက် ပါသလဲဆိုတာလည်း စစ်ပါတယ်. . ကဖိန်းဟာ နိုးကြားပြီး စိတ်ဓာတ်တက်ကြွစေတယ်. . ကော်ဖီကို လိုအပ်တာထက် ပိုသောက်ကြရင် အိပ်မပျော်ဘဲ လန်းဆန်းတက်ကြွနေပါတယ်. . ဒါကြောင့် အားကစားသများတွေကို မူးယစ်ဆေး မသုံးရဆိုတာကြောင့် ကဖိန်းဓာတ် ပါဝင်မှုကို ကန့်သတ်ထားတာ ဖြစ်ပါတယ်. .

ကော်ဖီကို သောက်သင့်သလား .

အမျိုးသမီးတွေမှာ ကိုယ်ဝန်ဆောင်တဲ့အခါ ဗိုက်ထဲက ကလေးကို မွေးတဲ့အခါ နို့တိုက်ရမှာဖြစ်တယ်. ဒါကြောင့် ကိုယ်ဝန်ဆောင် အမျိုးသမီးတွေအနေနဲ့ တစ်နေ့ကိုယ် ကော်ဖီ ၂ ခွက်သောက်သင့်ပါတယ်. . ၂ ခွက်ထက်တော့ မပိုသင့်ပါဘူး ကော်ဖီအလွန်အကျွံ့သောက်လို့ ကိုယ်ဝန်ပျက်ကျမှာလည်း ကြည့်ရပါမယ်. . ကော်ဖီ၂ခွက်ပဲသောက်မယ်ဆိုရင် မိခင်ဟာ နို့ထွက်ကောင်းတယ်. . . ကိုယ်ဝန်ဆောင်သည်များ စိတ်ချမ်းသာတာ ၊ နှလုံးခုန်တာကိုလည်း ကော်ဖီကထိန်းပေးပါတယ် . . ဒါကြောင့်ကော်ဖီဟာ နေ့စဉ်ကော်ဖီ၃ ခွက်တော့ သောက်သင့်ပါတယ်. .

ကော်ဖီသောက်တာ ဆိုးကျိုးရှိသလို ကောင်းကျိုးလည်း ရှိနိုင်ပါတယ် . . အလွန်အကျွံ့ မသောက်ဘဲ မျှတအောင်ပဲ သောက်ဖို့ လိုပါတယ်..


သုတေသီတစ်ဦး (ကြုံတွေ့နေကျ ကျန်းမာရေး ပြသာနာများအတွက်)

အားလုံးကိုချစ်ခင်လေးစားလျှက်...


http://www.ayeyarwaddylibrary.co.cc/ မှ။

အတုကိုခွါ..အစစ်ကိုရှာ


ဣဓ၀ါ- ဤလူ့ပြည်၌လည်းကောင်း၊ ဟုရံဝါ- နဂါးပြည်၊ ဂဠုန်ပြည်၌လည်းကောင်း၊ သဂ္ဂေသုဝါ- နတ်ပြည်တို့၌လည်းကောင်း၊ ယံကိဉ်္စိ- အမှတ်မရှိသော၊ ၀ိတ္တံ- နှစ်သက်အပ်သော၊ ပဏီတံ- တောင့်တအပ်သော၊ ယံ ရတနံ- အကြင်ရတနာသည်၊ အတ်္ထိ- ရှိ၏။ တံ ရတနံ- ထိုရတနာတို့တွင်၊ တထာဂတေန- မြတ်စွာဘုရားနှင့်၊ သမံ- တူသောရတနာသည်၊ နနောအတ်္ထိ- မရှိသည်သာလျှင်တည်း၊ ဤသို့ ရတနာအစစ် ဖြစ်တော်မူသော ဘုရားရှင်ကိုယ်တော်မြတ်ကြီးအား တပည့်တော် ရိုသေစွာရှိခိုးပါ၏။

ခုတလောသတင်းတွေထဲမှာ အတုတွေအကြောင်းကို တော်တော်ကြားနေရတာနဲ့ အတုတွေအကြောင်းကို ဟိုမရောက် ဒီမရောက် ရေးချင်စိတ်တွေ ပေါ်နေခဲ့ပါတယ်။ အတုဆိုတာကို ကြားဖူးခဲ့တာကြာပါပြီ။ ငယ်ငယ်တုန်းက မေမေဟင်းချက် တာကိုကြည့်ပြီး ဘာတွေလဲမေးကြည့်တော့ အသားတုတွေဖြစ်နေတယ်။ အစားအစာဆိုတာလည်း အတုရှိနေတာပါပဲ။ အဖွားကလည်း အသားတုတွေကို သွားတုတွေနဲ့ဝါးနေပြန်ပါတယ်။ စားမကောင်းမှန်းသိပါတယ်။ ဒါပေမယ့် အဖွားမျက်နှာပေါ်မှာ ဘာကြောင့်မှန်းမသိတဲ့ အပြုံးတစ်ခုကို မြင်ခဲ့တယ်။ အပြုံးတုကြီးများဖြစ်နေရောလားလို့ ခုနေအခါတွေးကြည့်မိပါ တယ်။ ဒီလိုနဲ့ပဲ အတုတွေကြားထဲမှာ ကျွန်တော်ကြီးပြင်းခဲ့တော့ ဆယ်စုနှစ် နှစ်ခု တောင်ကျော်နေခဲ့ပါပြီ။
လူတွေအားလုံး အတုနဲ့အစစ် ဘယ်ဟာကိုကြိုက်လဲမေးရင် အစစ်ကိုပဲကြိုက်တယ် ပြောကြမှာပါ။ မဟုတ်ဘူး။ သူတို့ညာနေကြတာ။ သူတို့တွေ အတုကိုကြိုက်တာများတယ်။ ကျွန်တော်သိတယ်။ အတုရှိမှလည်း အဆင်ပြေမယ်ထင်နေကြတယ်လ။ တစ်ချို့နေရာတွေမှာတော့ အတုတွေတစ်ကယ်အသုံးဝင်ပါတယ်။ တစ်ချို့နေရာတွေမှာတော့ အတုဆိုတာ မကောင်းတာတွေပါ။ ကွန်ပျုတာမှာ မှတ်ဉာဏ်တုဆိုတာက အလွန်အသုံးဝင်ပါတယ်။ ဒါပေမယ့် အခုတစ်လောကြားနေရသလို နို့မှုန့်အတုတွေ၊ ဆေးတုတွေ၊ အပြုံးတုတွေဆိုတာကတော့ မကောင်းဘူးဆိုတဲ့အထဲမှာ သူတို့တွေပါပါတယ်။ မကောင်းတာတွေကိုမှ လုပ်တတ်တဲ့သူတွေကလည်း လူတွေအပေါ်မှာ အကြင်နာတရားမရှိတဲ့ စိတ်ထားအတုပိုင်ရှင်တွေ၊ နှလုံးသားအတု ပိုင်ရှင်တွေပဲ ဖြစ်နေမလားလို့ မရေးမရာဆက်တွေးနေလိုက်ပြန်ပါတယ်။

တစ်ခါတုန်းက ရှမ်းအဖိုးကြီးတစ်ယောက် မန္တလေးမြို့ကြီးမှာ ဈေးလာဝယ်ရင်းနဲ့ အုန်းသီးဆိုင် တစ်ဆိုင်ကို ရောက်လာတယ်။ ဒါနဲ့ သူကဆိုင်မှာရှိတဲ့ အရာကိုလက်ညိုးထိုးပြီး ဒါက ဘာကြီးလဲ၊ ဘာလုပ်လို့ရတာကြီးလဲဆိုပြီးမေးပါတော့တယ်။ တစ်ကယ်တော့ သူမေးတာက အုန်သီးကြီးပါ။ ဆိုင်ရှင်ကလည်း အုန်းသီးဖြစ်ကြောင်းနဲ့ ဒီလိုအသီးမျိုးဆိုတာက တော်ဝင်နန်းသုံး မင်းမျိုးတွေသာစားသုံးကြောင်း အစစ်ထည့်ပြောလိုက်သတဲ့။ သူလည်းဘာမသိညာမသိ ဒီအသီးကြီးကို ၀ယ်သွားပြီး အိမ်ရောက်တော့ ခွဲစားလိုက်ပါတယ်။ နောက်တစ်ကြိမ် ဈေးကိုသူလာတဲ့အခါမှာတော့ အုန်းသီးဝယ်ခဲ့တဲ့ဆိုင်ကိုသွားပြီး မင်းတို့အသီးကလည်းကွာ မင်းသုံးဆောင်တဲ့ဟာမိုလို့သာ ၀ယ်စားရတယ်။ အရသာကတော့ ဖန်းတွတွပဲ လို့ဆိုလိုက်ပါတယ်။

ဟုတ်တယ်လေ။ သူစားပုံကလည်း သာမာန်အသီးတွေစားသလိုပဲ အစေ့ကိုလွှင့်ပစ်ပြီး အခွံကိုစားလိုက်တာကိုး။ အုန်းသီးမှာက အခွံကိုလွှင့်ပစ်ပြီး အစေ့ကိုခွဲစားရတာ ရှမ်းကြီးမသိလိုက်ဘူး။ ဒါကြောင့် သူဖန်တွတွကြီးလို့ ပြောလိုက်တာပါ။ ခုလည်းဒီလိုပဲ လူတွေအများစုက အနောက်တိုင်းကို အတုခိုးကြပါတယ်တဲ့။ သူတို့လုပ်နေပုံက သူတို့ဘယ်လိုဝတ်တယ်။ သူတို့တီးသလို လိုက်တီးတယ်။ သူတို့ဆိုသလို လိုက်ဆိုတယ်။ ဒီလိုလုပ်ရတာ ခေတ်မီတယ်၊ ခေတ်ဆန်တယ် ထင်နေကြတယ်။ သူတို့ ဘာတွေစားတယ်။ သူတို့ဘယ်လိုနားတယ်ဆိုတာတွေကို လိုက်ပြီးအတုယူနေကြတယ်။

တို့တွေအတုမယူတာ၊ လိုက်မလုပ်တာတွေက သူတို့တတ်တဲ့ပညာတွေ၊ နည်းပညာတွေ၊ သုတေသနလုပ်ပုံတွေ၊ ကြိုးစား ပုံတွေ၊ နောက်ဆုံးယာဉ်စည်းကမ်းလိုက်နာတာ၊ လမ်းဘေးအမှိုက်ချတာကအစ သူတို့တွေဆီက သပ်သပ်ရပ်ရပ်နဲ့ စည်းကမ်းရှိတယ်။ လိုက်ပြီးအတုခိုးသင့်တာတွေကျတော့ ခုနက နုံလိုက်အလိုက်တဲ့ ရှမ်းအဖိုးကြီးလိုပဲ အနှစ်ကို လွှင့်ပစ်ပြီး အကာတွေကို ယူနေကြတော့လည်း တို့တွေ မြင်နေ၊ ကြားနေရသမျှတွေက ဖန်းတွတွတွေဖြစ်နေတာ မဆန်းတော့သလိုပဲ။
အစစ်မဟုတ်သေးရင် အတုလိုက်ရင်းနဲ့ တူပြီး အစစ်ဖြစ်သွားတယ်။ ကောင်းတာကို အတုလိုက်ရင် ကောင်းတာဖြစ်မယ်။ ဒါကိုနားလည်ရင် မကောင်းတာကို အတုမလိုက်နဲ့။
(ဓမ္မဒူတ အရှင်ဆေကိန္ဒ)

တစ်ခုသော နံနက်ခင်းလေးမှာ ဒုန်းစိုင်းပြေးလာတဲ့ မြင်းတစ်ကောင်နဲ့ မရပ်မနားသွားနေတဲ့ ပက်ကျိတစ်ကောင်တို့ လမ်းမှာ အမှတ်မထင် ဆုံခဲ့ကြပါတယ်။ အပြေးသန်လှတဲ့ မြင်းကမာနကြီးတစ်ခွဲသားနဲ့ ဟေ့ ပက်ကျိ၊ ငါလိုအပြေးသန်တဲ့သူပြေးတဲ့ လမ်းမှာ မင်းဘာလာရှုပ်တာလဲပေါ့။ ရန်လိုတဲ့စကားနဲ့ စလိုက်တယ်။ ပက်ကျိကလည်း အားကျမခံ မင်းဘယ်လောက်များ အပြေးသန်နေလို့လဲ။ ငါလိုပက်ကျိနဲပရော အပြေးပြိုင်ဝံ့လို့လားလို့ မကြောက်မရွံ့စိန်ခေါ်လိုက်ပါတယ်။ မြင်းကလည်း ဒီလိုမလောက်လေး မလောက်စားက စိန်ခေါ်ရမလားဆိုပြီး လောင်းကြေးအနေနဲ့ အသက်ချင်းထပ်လိုက်မယ်ပေါ့။ ရှုံးတဲ့သူရဲ့ အသားကိုစားကြေးပေါ့။ ဒီလိုနဲ့ သူတို့ချိန်းမဲ့နေကို အတိအကျသတ်မှတ်လိုက်ကြပါတယ်။

ပြိုင်ပွဲမှာစည်းကမ်းအနေနဲ့က တစ်ဦးကတစ်ဦးကို ကျော်နိုင်မှနိုင်တယ်လို့ပြောရမှာပါ။ အဲ့ဒိနောက် သူတို့ပြိုင်ပွဲကို စတင်ပါတော့တယ်။ မြင်ကတစ်ဖာလုံလောက်ပြေးပြီးတိုင်း ပက်ကျိရေလို့ ခေါ်ခေါ်ကြည့်တယ်။ ခေါ်ကြည့်တိုင်းလည်း ပက်ကျိက ငါပြေးနေတုန်းဟေ့လို့ ပြန်ပြန်ပြောသတဲ့။ တစ်ကယ်တော့ ပက်ကျိက အပြေးမပြိုင်ခင်ကတည်းက သူ့အပေါင်းဖော်တွေကို သူခေါ်ပြီးတော့ ကြိုတင်မှားထားသတဲ့။ တစ်ဖာလုံရောက်တိုင်း မြင်းကအော်ခေါ်တဲ့အခါ မင်းတို့က ပြေးနေတုန်းပဲလို့ပြော ဆိုတာကို တိုင်ပင်ထားကြတာပါ။ ဒါကို ဘာမှမသိတဲ့ မြင်းခမျာမှာ အော် ပက်ကျိက တော်တော်အပြေးသန်တဲ့ ကောင်ပဲလို့ သူထင်နေခဲ့တယ်လေ။ ဒီလောက်တောင် နုံရ၊ အရ သလားလို့ စိတ်ထဲကအပြစ်တင်နေမိပါတယ်။ တစ်ဖာလုံရောက်တိုင်း အော်ခေါ်လိုက်၊ ပက်ကျိက ထူးလိုက်နဲ့ မြင်းကြီးမှာ ပက်ကျိကိုကျော်အောင်ပြေးရင်ပဲ လမ်းခုလပ်မှာ အမောဆို့ပြီး သေပွဲဝင် ခဲ့ရှာပါတယ်။

ဒီပုံပြင်လေးကို ဖတ်ပြီး အတုတွေကို အစစ်ထင်ပြီး ဖက်တွယ်နေမိတဲ့ ကိုယ့်အဖြစ်နဲ့ နှိုင်းယှဉ်နေမိတယ်။ တစ်ကယ်တော့ ကျွန်တော်တို့ ခန္ဓာကိုယ်က ကလာပ်စည်းတွေဟာ မရပ်မနားကို ပျက်စီးနေတာပါ။ ဆဲလ်ဟောင်းတွေပျက်နေသလို ဆဲလ်သစ်တွေဟာလည်း ဖြစ်နေတာပါပဲ။ အဲ့ဒီဖြစ်နေပျက်နေတဲ့ အစဉ်(သန္တတိ)ကို တစ်ကယ်ရှိနေတည်နေတဲ့ အစုအဝေးခန္ဓာ ကိုယ်လို့ ကျွန်တော်တို့ကထင်တယ်။ ငါပဲ၊ ငါ့ခန္ဓာပဲလို့ထင်တယ်။ ကလာပ်စည်းတွေရဲ့ဖြစ်ပျက်နှုန်းဟာ မြန်လွန်းတဲ့အတွက် သာမာန်အမြင်နဲ့ မမြင်နိုင်ဘူး။ စောစောက ကလာပ်စည်းဆဲလ်တွေဟာ ခုကလာပ်စည်းဆဲလ်တွေ မဟုတ်တော့ဘူးဆိုတာကို မမြင်နိုင်ခဲ့ဘူး။ ခုနကခန္ဓာကိုယ်ဟာ၊ ခုခန္ဓာကိုယ်မဟုတ်ဘူးဆိုတာကို မသိခဲ့ဘူး။ သူပဲ၊ ငါပဲ၊ ယောက်ျား၊ မိန်းမပဲ စသဖြင့် ထင်နေကြတယ်။

ဟုတ်တယ်။ ခုနကမြင်းလိုပဲ တစ်ဖာလုံရောက်တိုင်း၊ ရောက်တိုင်း သူအော်ခေါ်လိုက်တဲ့အခါ ထူးလိုက်တဲ့ ပက်ကျိဟာ ကျန်ခဲ့တဲ့ တစ်ဖာလုံးက ပက်ကျိမဟုတ်ဘူးဆိုတာကို သူမသိခဲ့ဘူး။ နောင်တစ်ဖာလုံက ပက်ကျိဟာ အယောင်ဆောင် ပက်ကျိ၊ ပက်ကျိအတုဆိုတာကို သူမသိဘူး။ အရင်တုန်းကတော့ ဒါကိုကျွန်တော် အပြစ်တင်ခဲ့မိပါသေးတယ်။ ဒီလောက်တောင် နုံရ၊ အရ သလားပေါ့။ ခုတော့ အပြစ်မတင်ရက်တော့ပါဘူး။ ဘာကြောင့်လည်းဆိုတော့ ကျွန်တော်ကိုယ်တိုင်က အ.ရုံမက၊ မိုက်မဲနေတာတွေကြောင့်ပါပဲ။ ငါဟာ ငါမဟုတ်ပါလား။ ငါဆိုတာ မရှိပါလားဆိုတာကို ခုအထိမသိသေးပါဘူး။ ငါ ပြီးရင်း ငါ ရင်းက ငါစွဲတန်းလန်းနဲ့ သံသရာမှာ ပြေးနေရဦးမဲ့ အဖြစ်နဲ့၊ ပြေးရင်နဲ့ အမောဆို့သေရတဲ့ မြင်းရဲ့အဖြစ်တွေကို ချိန်ထိုးကြည့်နေမိပါတယ်။

လောကမှာ အတုဆိုတာလည်း ရှိပါတယ်။ အစစ်ဆိုတာလည်း ရှိပါတယ်။ အတုတွေ၊ အစစ်တွေခဏထားလို့ အတုဆိုတာ ကို အတုမှန်းသိဖို့ အရေးကြီးသလို၊ အစစ်ဆိုတာကိုလည်း အစစ်မှန်းသိဖို့ အရေးကြီးပါတယ်။ အတုနဲ့ အစစ်ကို ခွဲခြားတတ်ဖို့ ကလည်းအရေးကြီးပါတယ်။ ကိုယ်စိတ်ကထင်ချင်တာထင်ပြီး အတုကို အစစ်ထင်၊ အစစ်ကို အတုထင်နေတတ် တာကိုလည်းသတိပြု သင့်တယ်။

ပြောရင်းဆိုရင်း ကျွန်တော်နားထဲမှာ အတုယူကြပါ၊ အတုယူကြပါလို့ အမြဲပြောတဲ့ အလယ် တန်းတုန်းက သင်္ချာဆရာကြီးရဲ့ အသံကို ရုတ်တရက်ကြားလိုက်သလိုပဲ။

အားလုံးသော သတ္တ၀ါတွေ ဘေးကင်းရန်ကွာ၍ စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာရှိကြပါစေ။

ဆရာကြီးနန္ဒာသိန်းဇံ၏ ဆောင်းပါများကို မှီငြမ်းပါသည်။

သုခရိပ်

နီပေါ ကုမ္မာရီနှင့် ဒေါ်ဓမ္မ၀တီ

ခတ္တမန္ဒူ မြို့တော်တွင် မိုးရွာသွန်းမည့် လက္ခဏာများ တွေ့မြင်နေရ သော်လည်း လမ်းပေါ်တွင် လူများဖြင့် ပြည့်ကြပ်နေသည်။ ကုမ္မာရီ မိန်းကလေးက သူ၏ အိမ်တော်မှ ထွက်၍ အဖူးမြော်ခံမည် ဖြစ်သောကြောင့် ဖြစ်သည်။
ကုမ္မာရီ ကလည်း တနှစ်လျှင် ၁၃ ကြိမ်မျှသာ အိမ်တော်ပြင်ပသို့ ထွက်၍ လှည့်လည်တတ်သည်။

နီပေါနိုင်ငံတွင် အပျိုစင်တချို့သည် နတ်ဘုရားများအဖြစ် သတ်မှတ်ခံထားရသည်။ သူတို့ကို ကုမ္မာရီ ဟု ခေါ်ဆိုကြပြီး ဟိန္ဒူရိုးရာ ဓလေ့အရ ရှိခိုးပူဇော်ကြသည်။
၅ နှစ်အရွယ်ဝန်းကျင် ကုမ္မာရီ ကလေးငယ်၏ နဖူးထက်တွင် ဆေးနီများ သုတ်လိမ်းထားသည်။ ယမန်နှစ်ကမှ သူ့ကို ကုမ္မာရီအဖြစ် ရွေးချယ်ခဲ့ခြင်း ဖြစ်သည် (ဓာတ်ပုံ - ဇာနည်မာန်)ငြိမ်းချမ်းခြင်း သင်္ကေတအဖြစ် သတ်မှတ်ထားပြီး ဘုရင်များ လက်ထက်ကတည်းက ဖူးမြော်လေ့ရှိသည့် ကုမ္မာရီကို ၀န်ကြီးချုပ်နှင့် သမ္မတ ကိုယ်တိုင် လာရောက် ဖူးမြော်တတ်သည်။

နီပေါနိုင်ငံတွင်းရှိ မြို့တိုင်းတွင် ကုမ္မာရီ တပါးစီ ရှိကြသော်လည်း ဘုရင်နန်းစိုက်ခဲ့ရာ ခတ္တမန္ဒူမြို့တော်မှ တော်ဝင် ကုမ္မာရီသည် အထင်ရှားဆုံးဖြစ်ပြီး တန်ခိုးအာဏာအရှိဆုံးဟု ဆိုသည်။

ကုမ္မာရီ နေထိုင်ရာ အဆောင်အတွင်းသို့ သကျ သာကီနွယ်ဝင် ဟိန္ဒူဘာသာဝင်မှ အပ တခြား မျိုးနွယ်နှင့် တခြားဘာသာဝင်များ၊ နိုင်ငံခြားသားများ ၀င်ရောက်ခွင့်မရှိပေ။
ထို့ကြောင့် နံနက်၊ နေ့လယ်နှင့် ညနေခင်းတို့တွင် သူ၏ အဆောင် ပြတင်းပေါက်မှ မိနစ်အနည်းငယ်ခန့် ပေါ်လာတတ်သော ကုမ္မာရီကို သွားရောက် စောင့်စားပြီး ဖူးမြော်၊ ကြည့်ရှုကြသည်။ ကုမ္မာရီကို ဖူးမြော်ခွင့်ရသူ၊ မြင်တွေ့ရသူသည် ကံကောင်းသည်၊ လာဘ်လာဘ စီးပွားဥစ္စာ တိုးပွားသည်ဟု အယူအဆ ရှိကြသည်။

ရုတ်တရက် ရွာချလိုက်သော မိုးစက်များအောက်တွင် ဗုံနှင့် လင်းကွင်းသံများ ထွက်ပေါ်နေသည်။ မကောင်းဆိုးဝါးများဟန် မျက်နှာဖုံး တပ်ထားသူများကို အိန္ဒြာနတ်မင်းက လိုက်လံသတ်ဖြတ်ဟန်ဖြင့် စည်းချက်ညီညီ ကပြသူ ကချေသည်များကို တွေ့ရသည်။ မိုးစက်ကျသံ တဖြောက်ဖြောက်ကြားတွင် ကချေသည်တို့၏ ခြေထောက်မှ ချူသံများကလည်း စည်းချက်ကျကျ ပေါ်ထွက်နေသည်။

ကချေသည်အဖွဲ့များ တဖွဲ့ပြီးတဖွဲ့ ကပြအပြီး အိမ်တော်ရှေ့ မြေကွက်လပ်တွင် လုံခြုံရေးများ၊ ကုမ္မာရီ စောင့်ရှောက်ရေးအဖွဲ့များဖြင့် ပြည့်သွားသည်။ အားလုံး၏ မျက်လုံးများက ကုမ္မာရီ၏ အိမ်တော်တံခါးဆီသို့ ရောက်နေကြသည်။

မကြာလိုက်ပါ .. တံခါးချပ်များ ဖြည်းညင်းစွာ ပွင့်သွားသည်နှင့် တပြိုင်နက် ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။ ကင်မရာမီးများ တဖျပ်ဖျပ် လင်းလက်သွားသည်။ ဘော်ကြယ်များ စီခြယ်ထားသော နီရဲရဲ ကတ္တီပါ ၀တ်စုံ၊ ရတနာများ တပ်ဆင်ထားသည့် ခေါင်းဆောင်းတို့ဖြင့် ချစ်စဖွယ်ကောင်းလှသော ပီဘိကလေးငယ် ကုမ္မာရီလေးကို လူများ၊ ထီးရောင်စုံများ၊ မိုးစက်များ ကြားမှ ဖျတ်ခနဲ မြင်လိုက်ရသည်။ လူကြီးတဦးက ကုမ္မာရီလေးကို လှည့်လည်အပူဇော်ခံမည့် လှည်းယာဉ်ပေါ်သို့ ပွေ့တင်ပေးသည်။

ဆာရီဝတ် အမျိုးသမီးများက လက်အုပ်ချီကြသည်။ လက်မြှောက်၍ ကကြသည်။ လှည်းယာဉ်တွင် အလှဆင်ထားသော သစ်ရွက် သစ်ခက်များကို လူအုပ်ကြီးထဲ ပစ်ချပေးရာ လိုက်ကောက်သူများ တ၀ုန်းဝုန်းနှင့် ဖြစ်နေသည်။

သစ်ခက်တခက် ရလာသူ အမျိုးသမီးကြီးတဦးက “ဒီနှစ်တော့ ကျမ သိပ်ကံကောင်းသွားပြီ။ ကျမနှစ်တိုင်း ပွဲတိုင်းလာတာ ကုမ္မာရီဆီက သစ်ခက် မရခဲ့ဖူးဘူး။ ဒီနှစ်တော့ ကျမ သူ့ကိုလည်း သေသေချာချာ မြင်လိုက်ရတယ်၊ သစ်ခက်လည်း ရခဲ့တယ်” ဟု ၀မ်းသာအားရ ဆိုသည်။

ကုမ္မာရီ ကလေးငယ်၏ မျက်နှာ လန်းရွှင်နေပါက တိုင်းပြည် သာယာဝပြောသည်ဟု မှတ်ယူကြသည်။ ကုမ္မာရီ၏ နေထိုင်လှုပ်ရှားသော အမူအရာ မျက်နှာသွင်ပြင်တို့ကိုကြည့်ကာ နိမိတ်များ၊ ဟောကိန်းများ ထုတ်ကြသည်။

ဟိန္ဒူဓလေ့အရ ရွေးချယ်လေ့ရှိသည့် ကုမ္မာရီမှာ လမ်းလျှောက်တတ်စ ၂ နှစ်ခန့် အရွယ်မှ ၁၄ နှစ် ၁၅ နှစ်အထိ ဖြစ်ကြသည်။

သကျသာကီနွယ်ဝင် ဟိန္ဒူဘာသာ ကိုးကွယ်သည့် မိသားစုမှ သတ္တိ၊ သတိရှိသော မိန်းကလေးငယ်များကိုသာ ရွေးချယ်ခြင်း ဖြစ်သည်။ ဘာသာရေးခေါင်းဆောင်များ ပါဝင်သည့် ရွေးချယ်ရေးအဖွဲ့က ဇာတာ၊ မျိုးရိုးဗီဇ ကောင်းမွန်သော၊ ကြောက်ရွံ့ထိတ်လန့်ခြင်း ကင်းသော၊ အပြစ်အနာအဆာ (ဒဏ်ရာ၊ သွားပိုးစားခြင်း၊ ကျိုးခြင်း၊ သွေးထွက်ခြင်း စသဖြင့်) ကင်းစင်သော မိန်းကလေးငယ်ကို ရွေးချယ်ပြီး သတ်မှတ်ထားသည့် ရက်တွင် ကုမ္မာရီအဖြစ် တင်မြှောက်လေ့ ရှိသည်။

ငိုယိုခြင်း၊ ချော်လဲခြင်း၊ ထိခိုက်ဒဏ်ရာရခြင်း၊ သွေးထွက်ခြင်း စသည့် ကုမ္မာရီဖြစ်ရန် အကြောင်း မညီညွတ်သည့် ကိစ္စများ ပေါ်ပေါက်လာပါက ကုမ္မာရီ အသစ်တဦးကို ရွေးချယ် လဲလှယ်ရပြန်သည်။

ကုမ္မာရီအဖြစ်မှ ပယ်ဖျက်ခံရသူများမှာ သာမန် မိန်းကလေးငယ်များအဖြစ် ပြန်လည်နေထိုင်ကြရသည်။

ယနေ့ကာလ ကုမ္မာရီများသည် အိမ်တော်တွင် မိဘများနှင့် နေထိုင်ခွင့်ရသည်။ ဘာသာရေး အထိန်းအချုပ် ရှိသော်လည်း ကလေးသဘာဝ လွတ်လပ်စွာ နေထိုင်ခွင့်ရသည်။ အရေးအကြီးဆုံးတခုမှာ စာပေ သင်ယူခွင့် ရခြင်း ဖြစ်သည်။ ရှေးခေတ် ကုမ္မာရီများမှာမူ ထိုအခွင့်အရေးများ မရရှိကြပေ။ စာပေလေ့လာခွင့် ဆုံးရှုံးခဲ့ပြီး စာပေ၊ ဗဟုသုတ ကင်းမဲ့ခဲ့ကြသည်။

၁၉၃၀ ပြည့်နှစ် ကာလများအတွင်း စာပေလေ့လာခွင့် မရရှိခဲ့သည့် နီပေါ မိန်းကလေးငယ် တဦးသည် စာပေလေ့လာလိုစိတ် ပြင်းထန်လွန်း၍ အိမ်မှ တိတ်တခိုး ထွက်ပြီး မြန်မာနိုင်ငံသို့ သွားရောက်ပညာသင်ခဲ့သည်။

ထိုမိန်းကလေးသည် ယခုအခါ သီလရှင်ကြီးတပါး ဖြစ်နေပေပြီ။ အဆိုပါ ထေရ၀ါဒ ဗုဒ္ဓဘာသာ သီလရှင်ကြီး၏ ကျောင်းတိုက်မှာ ခတ္တမန္ဒူမှ ကုမ္မာရီ အိမ်တော်နှင့် မဝေးလှသော ဆိတ်ငြိမ်ရာ လမ်းကြားလေးတခုတွင် ရှိနေသည်။

ဓမ္မကိတ္တိ သီလရှင် ကျောင်းတိုက်ပေါ် တက်သွားချိန်တွင် ပရိတ်ရွတ်သံများ၊ သာဓုခေါ်သံ မေတ္တာပို့ အမျှဝေသံများကြားမှ တည်ငြိမ်အေးဆေး မေတ္တာဓာတ် ပြည့်ဝသော မျက်နှာနှင့် အသက် ၈၀ ၀န်းကျင် သီလရှင်ဆရာကြီးကို တွေ့မြင်လိုက်ရသည်။

နှစ်လိုဖွယ်အပြုံးနှင့် ဖိတ်မန္တကပြုလာသော ဆရာကြီး ဒေါ်ဓမ္မ၀တီ၏ မျက်နှာတွင် တပည့် သီလရှင်များကို ဓမ္မပညာများ ဖြန့်ဝေပေးခွင့် ရသည့် ပီတိအပြုံးက ထူးခြား ပေါ်လွင်လှသည်။

သူ၏ စိတ်ထက်သန်ပုံနှင့် သာသနာရေးအတွက် ကြိုးပမ်းပုံများကို စာရေးဆရာ ရဝေထွန်းက သမီးချစ် ဆိုသည့်အမည်ဖြင့် ဂုဏ်ပြု ရေးသား ထုတ်ဝေခဲ့ဖူးသည်။

ဒေါ်ဓမ္မ၀တီသည် ထေရ၀ါဒ သာသနာထွန်းကားသော မြန်မာပြည်တွင် ဗုဒ္ဓစာပေများ သင်ကြားနိုင်သည်ဟု မြန်မာပြည်မှ ပြန်ကြွလာသူ သံဃာတပါးထံမှ သိရသည်။ သို့သော်လည်း မြန်မာပြည်သို့ သွားရောက်ပြီး ပညာသင်မည့် အစီအစဉ်ကို ဖခင်နှင့် အစ်ကိုဖြစ်သူတို့က သဘောမတူပေ။

မိခင်ဖြစ်သူ၏ ခွင့်ပြုချက်ဖြင့် အိမ်မှခိုးထွက်ကာ မြန်မာပြည်ခရီးကို စတင်ခဲ့သည်။ ထိုစဉ်က ၁၉၄၇ ခုနှစ်ဖြစ်ပြီး သူ့အသက်က ၁၄နှစ် ဖြစ်သည်။

“သူငယ်ချင်းတယောက် ပါသေးတယ်။ သူက အိမ်က လိုက်ခေါ်တော့ ပြန်ပါသွားတယ်။ ကျမကတော့ စာသင်ချင်လို့သွားတာ မပြန်ဘူး ဆိုပြီး ဆက်ထွက်လာတာ” ဟု ဒေါ်ဓမ္မ၀တီက မိန့်သည်။

အိန္ဒိယနိုင်ငံ၊ ဥတ္တရာ ပရာဒေ့ရှ် ပြည်နယ်၊ ကုသိနာရုံမြို့သို့ အရောက်တွင် သီလရှင်ဝတ်ခဲ့သည်။ ထိုအချိန်က ကားလမ်း၊ ရထားလမ်းမရှိခြင်း၊ နိုင်ငံကူးလက်မှတ် နှင့် ပြည်ဝင်ခွင့် ဗီဇာများ ရရန် မလွယ်ကူခြင်းတို့ကြောင့် အိန္ဒိယနိုင်ငံ၊ အာသံပြည်နယ်ကို ဖြတ်ပြီး မြန်မာပြည်တွင်းသို့ ခြေလျင်ခရီးဖြင့် ၀င်ရောက်ခဲ့သည်။

ကြမ်းတမ်းသည့် လမ်းခရီး အခက်အခဲ အမျိုးမျိုးကို ကျော်ဖြတ်ပြီး ကချင်ပြည်နယ် မြစ်ကြီးနားအရောက်တွင်မူ နိုင်ငံတွင်း တရားမ၀င် ၀င်ရောက်မှုကြောင့် ဖမ်းဆီးခံရတော့သည်။

“ကျမက ပြောတယ်။ ဘုရားစာသင်ချင်လို့ လာတယ် လို့။ သူတို့က စာရင်းစစ် မင်းကြီးကို သွားပြောတော့ ဘုရားစာ သင်ချင်လို့ လာတဲ့သူ သင်ပါစေ ဆိုပြီး ခွင့်ပြုလိုက်တယ်” ဟု ဒေါ်ဓမ္မ၀တီက ပြန်လည် ရှင်းပြသည်။

စာရင်းစစ်မင်းကြီး ဦးသာလွင်၏ ရန်ကုန်ရှိနေအိမ်တွင် ၆ လခန့်နေ၍ မြန်မာစာ သင်ယူခဲ့သည်။ ထို့နောက် မော်လမြိုင်မြို့ရှိ ဒေါ်ပညာစာရီ၏ ခေမာရာမ သီလရှင်ကျောင်းတိုက်တွင် ပညာသင်ယူခဲ့ရာ အဘိဓမ္မာ ကျမ်း ၇ ကျမ်းကို ကျွမ်းကျင်စွာ တတ်မြောက်ခဲ့ပြီး စာချတန်း အောင်မြင်ခဲ့သည်။

“ပထမတော့ စာသင်ရတာ တအား ခက်တယ်။ ငွေကြေး အခက်အခဲတွေ ရှိတယ်။ ဗမာစာက အကုန်လုံး လုံးလုံး ၀ိုင်းဝိုင်းကြီးတွေ၊ ဘယ်လိုရေးလို့ ဘယ်လိုဖတ်ရမှန်းကို မသိဘူး။ နားမလည်တာ မေးတော့လည်း ဘုရားစာ သင်ချင်လို့ နီပေါကနေတောင် လာတာ ဘာလို့မသိလဲ ဆိုတာနဲ့ မခံချင်စိတ်နဲ့ ကြိုးစားခဲ့တာ။ နောက် ဆုတွေ အများကြီးရတယ်။ ပညာသင်စရိတ်ရတယ်။ အဲဒီရတဲ့ဆုတွေနဲ့ အဲဒီတုန်းက ဗမာပြည်မှာက သုံးလို့ကို မကုန်ဘူး” ဟု ဆိုသည်။

နီပေါသို့ ပြန်ရောက်ပြီး အစောပိုင်း ကာလများတွင် နေရာထိုင်ခင်း ရရန် နှင့် ဆွမ်းစားရန်ပင် အခက်အခဲများစွာနှင့် ကြုံရသည်၊ ထို့နောက် ကလေးများကို ဘာသာရေးစာပေများ သင်ကြားပေးရာမှ ကလေးမိဘများက တရားဟောရန်၊ ဆွမ်းစားရန် ပင့်ဖိတ်ကြသည်။ ယခုအခါ ကျောင်းခွဲ ၇ ကျောင်း တည်ထောင်နိုင်သည့် အခြေအနေသို့ ရောက်ရှိလာသည်။

“ဒီမှာ တပည့် သီလရှင် လောလောဆယ် အပါး ၄၀ ရှိတယ်။ နောက်ပြီး တချို့က ဗမာပြည်မှာ၊ ထိုင်ဝမ်မှာ၊ သီရိလင်္ကာမှာ ဘုရားစာ သွားသင်ခိုင်းထားတယ်” ဟု သူက ဆိုသည်။

ဒေါ်ဓမ္မ၀တီက ဘာသာရေးနယ်ပယ်မှ ဖြစ်သော်လည်း အမျိုးသမီးအခွင့်အရေးနှင့် ပတ်သက်ပြီး ပြောကြားရန် တွန့်ဆုတ်ခြင်း မရှိပေ။

“ဥရောပမှာဆိုရင် အမျိုးသမီးတွေဆိုတာ အမျိုးသားတွေနဲ့ တန်းတူအခွင့်အရေး ရတယ်။ ဒီ အရှေ့ကတော့ တော်တော် နှိမ်ကြတယ်။ ဗမာပြည်မှာလည်း ဒီလိုပဲ၊ ယိုးဒယားမှာလည်း ဒီလိုပဲ။ အမျိုးသမီး အခွင့်အရေး ဆိုတာကို အခုအချိန်မှာက ပြောနေတုန်းပဲ ရှိသေးတယ်။ အပြည့်အ၀ မရသေးဘူး။ ဘုရားဟောတဲ့ထဲမှာက အမျိုးသား၊ အမျိုးသမီး ခွဲပြီး ဘုရားစာသင်တယ်၊ အခွင့်အရေးရတယ် ဆိုတာ မပါဘူး။ မကောင်းတဲ့သူကို မပေါင်းနဲ့၊ မကောင်းတာ မလုပ်နဲ့ ဆိုတာပဲ ဟောထားတာ” ဟု သူက ဆိုသည်။

မြန်မာနိုင်ငံတွင် ဗုဒ္ဓသာသနာ ထွန်းကားပုံနှင့် ဘာသာရေး ကိုင်းရှိုင်းကြပုံများသည် တခြားနိုင်ငံများနှင့်မတူ အားရကျေနပ်ဖွယ်ကောင်းလှသည်ဟု သူက ဆိုသည်။

“အဘိဓမ္မာ လေ့လာရေးမှာတော့ ဗမာပြည်က အကောင်းဆုံးပဲ။ နောက် ဗမာပြည်မှာ သာသနာ ထွန်းကားတာ၊ ယဉ်ကျေးတာ၊ ဘာသာရေး ကိုင်းရှိုင်းတာ၊ ရဟန်းတွေ၊ သီလရှင်တွေကို ရိုသေတာတွေက အားရစရာပဲ။ ဒီ နီပေါမှာ ဒါတွေကိုပြပြီး တရားဟောရတာ” ဟု သူက ရှင်းပြသည်။

သို့သော်လည်း ၂၀၀၇ ခုနှစ်တွင် မေတ္တာပို့ကြွချီသော သံဃာတော်များကို အကြမ်းဖက် နှိမ်နင်းခြင်းကြောင့် မြန်မာပြည်၏ သာသနာရေးကို ပုံပမာပြ၍ တရားဟောပြရန်မှာ ခက်ခဲသွားသည်ဟု သူကဆိုသည်။

“ဘုန်းကြီးတွေကို သူတို့ အဲဒီလို လုပ်တယ် ဘာညာ ကြားတော့ ကျမ သံအမတ်ကြီးကို သွားပြောတယ်။ ကျမတို့က ဗမာပြည်ကို အားကိုးပြီး ဒီမှာ သာသနာပြုနေရတာ။ ဗမာပြည်ရဲ့ ကြည်ညိုကြတာကို ပြောပြပြီး သာသနာ ပြုနေတာ။ အခုလို ကြားတော့ စိတ်မကောင်းဘူး ဆိုတော့ သူက (ဆန္ဒပြသံဃာတွေက) ဘုန်းကြီး အတုတွေ လို့ ပြောတယ်” ဟု ဒေါ်ဓမ္မ၀တီက ပြန်ပြောပြသည်။

သူကဆက်၍ မြန်မာပြည်သည် ဗုဒ္ဓသာသနာ ထွန်းကားသည့် တိုင်းပြည် ဖြစ်သည့်အလျောက် အရာရာကို မေတ္တာရှေ့ထား၍ ဖြေရှင်းမှသာ ဗုဒ္ဓချမှတ်ထားသည့် လမ်းစဉ်များနှင့် ကိုက်ညီမည် ဟု ဆိုသည်။

ဒေါ်ဓမ္မ၀တီ၏ ကျောင်းတိုက်မှ ပြန်ထွက်လာချိန်တွင် မိုးစဲသွားပြီ ဖြစ်သည်။ ဆည်းလည်းသံ တလွင်လွင် နှင့် ညနေခင်း ဘုရားဝတ်တက်သံတို့က လူများ ပျားပန်းခပ် လှုပ်ရှားနေသည့် လမ်းထက်ဆီသို့ ပျံ့လွင့်နေလေသည်။

http://www.irrawaddy.org မှကူးယူထားသည်။

Bill Gate ပြောတဲ့ ဘဝ(၁၁)ခု


Bill Gate ပြောတဲ့ ဘဝ(၁၁)ခု
ဘွဲ့နှင်းသဘင်တစ်ခုမှာ ဘွဲ့ရကျောင်းသားတွေအတွက် ဘီလ်ဂိတ်က ဒီလိုအကြံဥာဏ်ပေး ဟောပြောခဲ့ပါတယ်....

RULE 1

Life is not fair - get used to it.

RULE 2

The world won't care about your self-esteem. The worldwill expect you to accomplish something BEFORE you feelgood about yourself.

RULE 3

You will NOT make 40 thousand dollars a year right outof high school. You won't be a vice president withcar phone, until you earn both.

RULE 4

If you think your teacher is tough, wait till you get aboss. He doesn't have tenure.

RULE 5

Flipping burgers is not beneath your dignity. Yourgrandparents had a different word for burger flippingtheycalled it Opportunity.

RULE 6

If you mess up,it's not your parents' fault, so don'twhine about your mistakes, learn from them.

RULE 7

Before you were born, your parents weren't as boring asthey are now. They got that way from paying your bills,cleaning your clothes and listening to you talk abouthow cool you are. So before you save the rain forestfrom the parasites of your parent's generation, trydelousing the closet in your own room.

RULE 8

Your school may have done away with winners and losers,but life has not. In some schools they have abolishedfailing grades and they'll give you as many times asyou want to get the right answer. This doesn't bear theslightest resemblance to ANYTHING in real life.

RULE 9

Life is not divided into semesters. You don't getsummers off and very few employers are interested inhelping you find yourself. Do that on your own time.

RULE 10

Television is NOT real life. In real life peopleactually have to leave the coffee shop and go to jobs.

RULE 11

Be nice to nerds. Chances are you'll end up working forone.


အဓိပါယ် ကတော့..

(၁) လူ့ဘဝက မမျှတဘူး။ ဒါကို လက်ခံနိုင်အောင် ကြိုးစားပါ။(

၂) ဒီလောကက ကိုယ့်လေးစားကြည်ညိုမှုကို အသိအမှတ်ပြုမှာ မဟုတ်ဘူး။ အကျိုးသက်ရောက်မှုကို အရင်လုပ် ပြီးမှ ကိုယ့်ရဲ့ခံစားချက်ကို ဆန်းစစ်ဖို့ လောကကြီးက ပိုမျှော်လင့်တယ်။

(၃) ကျောင်းကနေခွါတာနဲ့ လခကောင်းမရနိုင်ဘူး။ ချက်ချင်း ဟမ်းဖုန်းချိတ်ထားတဲ့ ကွပ်ကဲသူ မဖြစ်နိုင်ဘူး။ နှစ်ခုစလုံးအတွက် ကြိုးပမ်းအားထုတ်မှ ရနိုင်တယ်။

(၄) ကျောင်းက ဆရာတွေကို ဆိုးတယ်လို့ ခင်ဗျားတို့ထင်ခဲ့ရင် တစ်နေ့ခင်ဗျားတို့ ကုမ္ပဏီသူဌေးတွေ ဖြစ်လာတဲ့အချိန်ကျရင် သိလိမ့်မယ်။ သူဌေးတွေက အလုပ်ကို အကြွေးမထားဘူး။

(၅) ဟမ်ဘာဂါဆိုင်မှာ အလုပ်လုပ်လို့ ကိုယ့်ကို အသုံးမကျဘူးလို့ မထင်နဲ့။ ခင်ဗျား ဘိုးဘွားတွေက ဟမ်ဘာဂါအလုပ်အတွက် အဓိပ္ပါယ်တစ်ခု ဖွင့်လိုက်မယ်။ အဲဒါက "အခွင့်အရေး" တဲ့။

(၆) ခင်ဗျား ဘာမှဖြစ်မလာတာ ခင်ဗျားမိဘတွေရဲ့ အမှားမဟုတ်ဘူး။ ဒါကြောင့် ကိုယ်လုပ်တဲ့ အမှားအတွက် ဒေါသထွက်မနေနဲ့။ အမှားထဲက သင်ယူပါ။

(၇) ခင်ဗျားမမွေးဖွားခင် ခင်ဗျားမိဘတွေက အခုလိုထိုင်းမှိုင်းနေတာ မဟုတ်ဘူး။ သူတို့ အခုလို ထိုင်းမှိုင်းရတာက ခင်ဗျားအသုံးစရိတ်အတွက် ရှာနေလို့၊ ခင်ဗျားရဲ့ အဝတ်တွေ လျှော်ရလို့၊ ကိုယ့်ကိုယ်ကိုတော်ကြောင်း အပြောကြီးတဲ့ ခင်ဗျားရဲ့စကားကို နားထောင်နေရလို့ဖြစ်တယ်။ ဒါကြောင့် ခင်ဗျားမိဘတို့ခေတ်က ဖျက်ဆီးခဲ့တဲ့ အပူပိုင်းဇုံသစ်တောကို ခင်ဗျား ပြုပြင်ကယ်တင်ဖို့ မကြိုးစားခင် ခင်ဗျားရဲ့ အိပ်ရာကို အရင်သန့်ရှင်းလိုက်ပါ။

(၈) ကျောင်းမှာ နိုင်သူနဲ့ ရှုံးသူဆိုတာရှိတယ်။ ဘဝမှာ မရှိဘူး။ ကျောင်းက ခင်ဗျားကို အခွင့်အရေး မပြတ်ပေးပြီး အဖြေမှန်ရဖို့ ရှာခိုင်းလိမ့်မယ်။ တကယ့်လက်တွေ့ဘဝမှာတော့ ဒီလိုမရှိဘူး။

(၉) တီဗွီထဲ သရုပ်ဆောင်တာတွေက တကယ့်ဘဝတွေ မဟုတ်ဘူး။ တကယ့်ဘဝက လူတိုင်း ကော်ဖီဆိုင်ကို ကျောခိုင်းပြီး အလုပ်ထဲ ဝင်ရတာချည်းပဲ။

(၁ဝ) စာဂျပိုးတွေကို တလေးတစား ဆက်ဆံပါ။ တစ်ချိန်ချိန် သူတို့ထဲက တစ်ယောက်ဆီမှာ ခင်ဗျား အလုပ်လုပ်ဖြစ်လိမ့်မယ်။

(၁၁) လူ့ဘဝမှာ သင်ကြားချိန်ကာလ မသတ်မှတ်ဘူး။ ပိတ်ရက်မရှိဘူး။ ဘယ်အလုပ်ရှင်ကမှ ခင်ဗျားလုပ်ချင်တာကို ညှိနှိုင်းပေးမှာမဟုတ်ဘူး။ ဒါကြောင့်ကိုယ့်အားလပ်ချိန်ကို အသုံးပြုပါ။

niairy blog မှ ကူးယူဖေါ်ပြပါသည်။

Sunday, October 4, 2009

အီးမေလ်းအား ကြားဝင်ဖောက်ဖတ်နိုင်သော နေရာများ


အီးမေလ်းအား ကြားဝင်ဖောက်ဖတ်နိုင်သော နေရာများ

ယနေ့ခေတ်အတွက် အင်တာနက်ဆိုတာ တစ်ယောက်ကိုတစ်ယောက် ဆက်သွယ်မှု့အပိုင်းမှာ အဓိကကျသော အပိုင်း၊အခန်းကဏ္ဍကနေပါဝင်နေပါတယ်။ ဒါပေမဲ့ တိုးတက်လာတဲ့ နည်းပညာအလျှောက် အင်တာနက် နဲ့ အီးမေးလ်အသုံးပြုသူတိုင်း မိမိတို့အသုံးပြုသော နည်းပညာ အားသာချက် အားနည်းချက်တွေကို သိထားသင့်ပေသည်။ ကျွန်တော်တို့က အီးမေလ်း လိပ်စာလေးတစ်ခုရိုက်ထည့်ပြီးပို့လိုက်တယ်.. ဒါပေမဲ့ အဲ့လိုပို့လိုက်တဲ့ မေးလ်ဟာ လူသန်းပေါင်းများစွာ သုံးနေသော အင်တာနက်ပေါ်မှာဖြတ်သန်းသွားလာနေကြတယ်။ ဒီလိုနေရာမှာ ကြားခံ Gateway, Server, Backbone, Segment တွေကိုဖြတ်သွားရတယ်။ ဒီအတွက် မိမိတို့သုံးနေတဲ့ မေးလ်တွေကို ကြားခံနေရာကနေ ၀င်ရောက် ဖောက်ကြည့်လို့ရတယ်ဆိုတာကို သိထားသင့်တယ်။
Internet Service Provider (ISP)
ISP ဆိုတာ မိမိတို့သုံးနေတဲ့ Network Traffic တွေအားလုံးကို အလွယ်တကွယ်စောင့် ဖမ်းနိုင်တဲ့နေရာပါ။ ကျွန်တော်တို့သုံးနေ network packet တွေဟာ ISP မှာတော့ Feed တစ်ခုထားခဲ့ရတာပဲ။ ဒီအတွက် မိမိတို့ရဲ့ မေးလ်အားလုံးကို ISP ဟာ လိုအပ်ရင်လိုအပ်သလို ၀င်ရောက် ကြည့်လို့ရတယ်။
Email Provider
မိမိအသုံးပြုနေသော မေးတွေအားလုံးကို အသုံးပြုနေသော မေးလ် provider တွေကနေ ၀င်ကြည့်လို့ရတယ်။ ဥပမာ - Gmail သုံးတယ်ဆိုရင်.. Gmail ရဲ့ Authorized person တွေက ကြည့်လို့ရတယ်။
Corporate Environment
တစ်ချို့လုပ်ငန်းကုမ္ပဏီ တွေက မိမိတို့ရဲ့ လုပ်ငန်းအတွင်း Data Document တွေ အမှားအယွင်းနဲ့
ဝန်းထမ်းတွေကိုစောင့်ကြည့်ရန် packet sniffer တွေကို Internal Network တစ်ခုလုံအတွက် ထားထားကြတယ်။
Hotel/Conference Center/Internet Café
Hotel/Conference Center တွေကနေ user တွေရဲ့ မေးလ်တွေကို intercept လုပ်လို့ရတယ်။ ဟော်တယ် တွေနဲ့ Conference Center တွေမှာ ၄င်းတို့ရဲ့ User တွေကို သတ်မှတ်ချက်အတိုင်း အသုံးပြုရအောင် Net ကိုထိန်းချူပ်ထားတယ်၊ ထို့အတူ Cyber Cafe တွေလည်းအဲ့အတိုင်းပဲ... ဒီနေရာမှာ တစ်ခုရှိတာက မြန်မာပြည်က Cyber Cafe တွေ တော်တော်များများက ၄င်းတို့ရဲ့ Server / Gateway Router တွေကို တိတိကျကျ လုံခြုံမှု့မပေးထားရင် အပြင်လူက ၄င်း server / Router ကိုဝင်ဖောက်ပြီး Network တစ်ခုလုံးရဲ့ Packet တွေကို Sniffing လုပ်ကာ အီးလ်မေးဖောက်နိုင်တယ်။
Housing Provided Connectivity
condominium and apartment complexes အချို့တွေမှာ ၄င်းတို့၏ အိမ်ရှင်၊ အိမ်ငှားတွေအတွက် Built-in High Speed Internet တွေကို ပေးသုံးကြတယ်။ ဒါက Hotel/Conference Center/Internet Café တွေတူပါတယ်။ အကယ်၍ ၄င်း Network မှာ Admin တစ်ယောက်က ညံ့ဖျင်းတာပဲဖြစ်စေ၊ Admin က ကြား
ဝင်ဖောက်တာပဲဖြစ်စေ ၀င်ရောက်နိုင်တယ်။

College Environment
College တွေမှာသုံးတာကို cable modems and other broadband technologies ‘shared local loop’ network model လို့ခေါ်ပြီးတော့ ၄င်းနေရာတွေမှာလည်း ကြားဝင်ဖောက်လို့ရတယ်။ ဒါကလည်း corporate networks interception နဲ့တူတယ်။

Local Loop Interception
အကယ်၍ မိမိရဲ့ အိမ်နားဝန်းကျင်မှာ သုံးနေတဲ့ လူတစ်ယောက်ရဲ့ Network နဲ့ Mail ကို interception လုပ်မယ်ဆိုရင် ပုံမှန်အားဖြင့်မလွယ်နိုင်ပေမဲ့ ၄င်း system ကိုဝင်ရောက်ဖို့ special hardware အနည်းငယ်တော့လိုတယ်။ ဒီလိုနေရာတွေမှာလည်း ၀င်ရောက်နိုင်တယ်။

MAN environment
ယခုအချိန်မှာတော့ MAN တွေကို ပြည်တွင်းအစိုးရအဖွဲ့အစည်းနဲ့ တွေလောက်ပဲ ကျယ်ကျယ်ပြန့်ပြန့်သုံးတာများတယ်။ ဒီလိုနေရာမှာလည်း မိတ်ဆွေတို့သုံးနေတဲ့ network ကို sniffing လုပ်လို့ရတယ်။

Wireless Network Access Point
Wireless Network ဆိုရင် များသောအား Wi-Fi ကိုပဲပြေးမြင်လိမ့်မယ်.. ဟုတ်ပါတယ်. ဒီလို Wi-Fi Wireless AP တွေကလည်း Interception လုပ်လို့ရတယ်။ ၄င်း Wireless တွင်၊ Wi-Fi, WiMAX, Bluetooth, GPRS, HSDPA စည်တို့လည်းပါဝယ်တယ်။တကယ်တမ်းပြောရမယ်ဆိုရင် ဒါတွေတင်မကဘူး အများကြီးရှိသေးတယ်။ ဒါတွေက အဓိက နေရာတွေပဲ။
ဒီတော့ မိမိတို့ရဲ့ မေးလ်တွေကို ဘယ်သူမှ မ၀င်ဖတ်နိုင်အောင် လုပ်ဆောင်တဲ့ နည်းမရှိဘူး။
ဒါပေမဲ့ တစ်ခုတည်းသော နည်းလမ်းကတော့ မိမိပို့လိုက်သော messages တွေကို Encrypt လုပ်ပြီးပို့ကာ ကြာဝင်ဖောက်ကြည့်လို့မရအောင် လုပ်ဆောင်ခြင်းသာ အကောင်းဆုံးနည်းလမ်းဖြစ်တယ်။



တောင်းဆု





၂၀၀၅ နိုဝင်ဘာလထုတ် Teen magazine မှာပါတဲ့ နိုင်ငံတကာ ကမောက်ကမများ ဆိုတဲ့ ခေါင်းစဉ် အောက်က ပုံပြင်လေးတပုဒ်ကို မျှဝေခံစားထားပါတယ်။
ဘယ်သူ့ကိုမှ ထိခိုက်နစ်နာစေလိုတဲ့ သဘောထားမျိုး မပါပါဘူး။
အမျိုးသမီးရဲ့ တောင်းဆုသုံးခု
အမျိုးသမီးတဦးရဲ့ ဂေါက်ရိုက်နေရင်း သူ့ဂေါက်သီးက တောအုပ်တခုအတွင်းကို ကျသွားတဲ့အတွက် ဂေါက်သီး ရှာဖို့အတွက် တောထဲကို ဝင်လာခဲ့ပါတယ်။ တောအုပ်အတွင်းမှာ ထောင်ချောက်မိနေတဲ့ ဖားတကောင် ကိုတွေ့တော့ ဖားက အဲဒီ အမျီုးသမီးကို သူ့ကို လွှတ်ပေးဖို့ အကူအညီ တောင်းပါသတဲ့။ သူက အကူအညီ တောင်းခံ တဲ့နေရာမှာ "ကျနော့်ကို လွှတ်ပေးရင် ခင်ဗျားရဲ့ လိုအင်ဆန္ဒ သုံးခုကို ဖြည့်ဆည်း ပေးပါ့မယ်" လို့ ဆိုတဲ့အတွက် အမျိုးသမီးက ထောင်ချောက် အတွင်းမှာ မိနေတဲ့ ဖားကို လွှတ်ပေး လိုက်ပါတော့တယ်။လွတ်သွားတဲ့ ဖားက "ကဲ ပထမဆုကို တောင်းပေတော့" လို့ ဆိုလိုက်တဲ့အခါ အမျိုးသမီးက ခေတ္တစဉ်းစား လိုက်ပြီး "ကျမ ကမ္ဘာပေါ်မှာ အလှဆုံး အမျိုးသမီး တယောက် ဖြစ်ချင်ပါတယ်" လို့ ပထဆုကို တောင်းလိုက် ပါတယ်။ အဲဒီတော့ ဖားက "ကျနော်ပြောဖို့ တခု မေ့သွားတယ်။ ခင်ဗျား ဆုတခု တောင်းတိုင်းမှာ ခင်ဗျား ခင်ပွန်းသည်က ခင်ဗျားထက် ဆယ်ဆ ပိုရလိမ့်မယ်" လို့ သတိပေးလိုက်ပါတယ်။
ုံအမျိုးသမီးက ခေတ္တစဉ်းစား လိုက်ပါတယ်။ "ကျမက အချောဆုံး ဖြစ်သလို သူကလည်း ကမ္ဘာပေါ်မှာ အချောဆုံး ယောက်ျား ဖြစ်လာမှာ ဆိုတော့ သူ့အနေနဲ့ ကျမကိုပဲ ရွေးရမှာ။ ကိစ္စမရှိပါဘူး။ ကျမ တောင်းတဲ့ ဆုသာ ပြည့်ပါရစေ" လို့ ဆိုလိုက်တော့ ဖားက "ပြည့်စေ" လို့ ပေးလိုက်ပါတယ်။ဒုတိယဆု တောင်းပါလို့ ဆိုတော့ အမျိုးသမီးက "ကမ္ဘာပေါ်မှာ အချမ်းသာဆုံး အမျိုးသမီး ဖြစ်ပါရစေ" လို့ ဆုတောင်းပါတယ်။ ဒီတခါလည်း ဖားက "ခင်ဗျား ချမ်းသာသလို ခင်ဗျား ခင်ပွန်းကလည်း ချမ်းသာသွားမှာနော်" လို့ သတိပေးပြန်ပါတယ်။ ဒီတော့ အမျိုးသမီးက "ကိစ္စမရှိပါဘူး။ သူချမ်းသာလည်း သူက ကျမ ခင်ပွန်းပဲ ဥစ္စာ" လို့ ဖြေလိုက်တဲ့အတွက် ဖားက ဒုတိယဆုကိုလည်း "ပြည့်စေ" လို့ ပေးလိုက်ပြန်ပါတယ်။တတိယဆုကို တောင်းဖို့တော့ အမျိုးသမီးက တော်တော်လေး စဉ်းစားပါတယ်။ ပြီးတော့မှ တောင်းဆုတိုင်းကို ပြည့်စေတဲ့ ဖားထံမှာ တောင်းခံလိုက်တဲ့ ဆုက "ကျမမှာ နှလုံးရောဂါ နည်းနည်းကလေး ဖြစ်ပါစေ" တဲ့။ ဒီတော့ ဖားကလည်း "ပြည့်စေ" လို့ ဆိုပေးလိုက်ပါသတဲ့။ပုံပြင်လေးကတော့ ဒါပါပဲ။အကယ်၍ သင်ဟာ အမျိုသမီး ဖြစ်မယ်ဆိုရင် ပုံပြင်က ဒီနေရာမှာ ဆုံးသွားပါပြီနော်။ အကယ်၍ သင်ဟာ အမျိုးသား ဖြစ်မယ်ဆိုရင်တော့သတိ။ အမျိုးသမီး မဖတ်ရ။ အမျိုးသားများသာ ဆက်ဖတ်ရန် အမျိုးသမီးတွေက သူတို့ကိုယ် သူတို့ သိပ်အထင်ကြီးကြတယ်ဗျ။ ဆုတောင်းတိုင်း ပြည့်စေတဲ့ ဖားထံမှာ သူ နှလုံး ရောဂါ ရပါရစေလို့ ဆုတောင်းလိုက်တာ အကြောင်းမဲ့မဟုတ်ဘူး။ သူ့မှာ နှလုံးရောဂါ ရရင် သူ့ထက်ဆယ်ပိုပြီး သူ့ခင်ပွန်းသည်က ရမှာ ဆိုတော့ ဒီငနာ မြန်မြန်သေအောင် ဆုတောင်းလိုက်တာပဲ။ ဒါပေမဲ့ သူ့ တောင်းဆုက နှလုံးရောဂါ နည်းနည်းကလေး ဖြစ်ပါရစေ ဖြစ်တဲ့အတွက် သူ့ခင်ပွန်းက သူ့ထက် ဆယ်ဆပိုနည်းပြီး နှလုံးရောဂါ ဖြစ်မယ်ဆိုတာ ဒီအမျိုးသမီး မသိလိုက်ဘူးလေ။
အကယ်၍ သင်ဟာ အမျိုးသမီး ဖြစ်ပါလျက် ဒီစာကို ဆက်ဖတ်နေတယ်ဆိုရင်တော့ ပြောပါရစေ။ အမျိုးသမီးတွေ ဟာ ဘယ်တော့မှ သူများပြောစကားကို မယုံတတ်ဘူး။ အလွယ်တကူ လက်မခံတတ်ဘူး ဆိုတာ လက်တွေ့ပဲ မဟုတ်လား။
မဖတ်ပါနဲ့ ဆိုတာကို ဆက်ဖတ်နေလို့ပါနော်..........။

ခေါင်းနှစ်လုံးကိုယ်တစ်ခု ခလေးငယ်မိန်းခလေးမွေးဖွား





ခေါင်းနှစ်လုံး ကိုယ်တစ်ခုနဲ့ မိန်းခလေးတစ်ယောက်ကို မနေ့က ဖိလပိုင်နိုင်ငံ Manila ဆေးရုံမှာမွေးဖွားခဲ့ပါတယ်။ Fabella ဆေးရုံက ဆရာဝန်က ဗုဒ္ဓဟူးနေက ထုတ်ပြန်ချက်အရ ခလေးငယ်ဟာ အလေးချိန် ၆ ပေါင်ရှိပြီး နှစ်လုံး ကတော့ တစ်ခုတည်းရှိတယ် လို့ ထုတ်ပြန်ခဲ့ပါတယ်။ အဖေကတော့ ဆိုက်ကယ်ဘေးတွဲ (မြန်မာနိုင်ငံမှာဆို ဆိုက်ကား) ဆရာတစ်ယောက်ဖြစ်ပြီး ငွေကြေးအခက်အခဲအတွက် ဆုတောင်းတာ ထုတ်ပြန်ချက် ကုတင်ပေါ်ရောက်တဲ့ အထိပါတယ်။
ဒီခလေး (နှစ်ယောက်လို့ခေါ်ရမလား တစ်ယောက်လို့ခေါ်ရမလားမသိဘူး) ကို နှလုံးကုတဲ့ စင်တာ ကို ပြောင်းခင်ချိန်ထိ နီယွန်မီးရောင်ချည်အောက်မှာ ထားရအုံးမယ်လို့ပြောပါတယ်။ အရင် ဒီလို ခန္ဓာကိုယ်အစိတ်အပိုင်း ဆက်တဲ့ အမွှာတွေကို အဲ့ဒီဆေးရုံက တစ်ယောက်ခြင်းစီဖြစ်အောင် ခွဲထုတ်ပေးနိုင်ပါတယ်။ နောက်အဲ့လိုမွေးတဲ့ အင်ဒိုနီးရှားက ခေါင်းနှစ်လုံးခလေးငယ်တစ်ယောက်ကတော့ ခန္ဓာကိုယ် ကိုယ်အင်္ဂါဆိုင်ရာရောဂါများရောင့် အင်္ဂါ နေ့ကွယ်လွန်ခဲ့ပါတယ်။ အဲ့ဒီခလေးကတော့ လောကမှာ စုစုပေါင်း ၅ ရက်သာ အသက်ရှင်ခဲ့ပါတယ်။

ထူးတဲ့အာလူး(ကင်ဆာအတွက်)


ယနေ့ဂျပန်နိုင်ငံမှာ ဓါတ်စာဖျော်ရည်တစ်မျိုး ခေတ်စားနေပါသည်။
လူအများ စိတ်ဝင်စားလာအောင် စတင်ဖော်ထုတ် ဆော် သြခဲ့သူကတော့ ဂျပန်ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး အရှင် တိုမီဇာဝ ဖြစ်ပါတယ်။ ထင်ပေါ်ကျော်ကြားလာတဲ့ ဓါတ်စာဖျော်ရည် ကတော့ ``အာလူးစိမ်း`` ဖျော်ရည်ပဲဖြစ်ပါတယ် ။
ဂျပန်နိုင်ငံမှာ အာလူးစိမ်းဖျော်ရည်ကြောင့် ရောဂါ သက်သာပျောက်ကင်းသွားရတဲ့ လူနာတွေ ၊ လူနာရှင်တွေဆီက ကျေးဇူး တင်ကြောင်း ပလူပျံသလိုရောက်လာတဲ့စာတွေ အရှင်တိုမီဇာဝ လက်ခံရရှိခဲ့ပါတယ် ။ဆရာတော်က `` ဒီနှစ်ထဲမှာ ကင်ဆာအများအပြားဟာ အာလူးစိမ်းဓါတ်စာ ကို မှီဝဲခဲ့ကြပြီး ပမာဏတော်တော်များများ ဟာ သိသိသာသာသက်သာသွားပြီး သေမင်းနှုတ်ခမ်းဝက ပြန်လာနိုင်ခဲ့ကြပါတယ်`` ။
အသုံးပြုပုံကတော့ အာလူးအစိမ်း လတ်လတ်ဆတ်ဆတ်ကို ရေစင်အောင်ဆေးပြီး ထုထောင်းပါမယ် ။
ပြီးမှ ပိတ်စိမ်းပါးနဲ့ထုပ်ပြီး အရည်ရအောင်ညှစ်ယူပါမယ် ။ အဲဒီအရည် ဖန်ခွက်တစ်ခွက်မှ နှစ်ခွက်
နေ့စဉ်မှီဝဲသွားမယ်ဆိုရင်အသည်းရောဂါ ၊ဆီးချိုရောဂါ ၊အစာအိမ်ရောဂါ ၊ကျောက်ကပ်ရောဂါ ၊
နှလုံးရောဂါ ၊သွေးတိုးရောဂါ ခါးနာ ၊ ပုခုံးနာ၊ကျီးပေါင်း နာရောဂါတွေ ပျောက်ကင်းစေတယ်လို့
ဆိုပါတယ် ။
ပျောက်ကင်းကြောင်း အနယ်နယ် အရပ်ရပ်က ထောက်ခံစာ များရရှိထား တယ်လို့
ဆိုပါတယ် ။
သာဓကတစ်ခုအနေနဲ့ကတော့ ......မစ္စတာတီဆိုသူသည် နားရွက်အောက်နားမှာ အဖုတစ်ဖု ပေါ်လာတာနဲ့ ဆေးရုံကိုသွားပြီး ကင်ဆာ ကျိတ်ဖြစ်နေပြီး ခွဲစိတ်ကု သပြီး ဓါတ်ကင်ခဲ့ပါတယ် ။ သို့သော်လဲ ကင်ဆာကလပ်စည်းတွေက အဆုတ်ထိအောင် ပျံနှံသွားပါတယ် ။
သက်ဆိုင်ရာ ဆရာဝန်ကြီးများက ကင်ဆာကလပ်စည်းတွေ ပျံနှံ့ကုန်လို့ ကုသလို့မရနိုင် တော့ဘူး လို့ ဆိုပါတယ် ။အဲဒီနောက် သူဟာ အာလူးစိမ်းဓါတ်စာ အကြောင်းကြားသိရတဲ့အတွက် အရှုံးမရှိဘူးဆိုပြီး သောက်ကြည့်တယ် ။
အညွှန်းအတိုင်း နေ့စဉ်ရက်ဆက် ဇွဲကောင်းကောင်းနဲ့ သောက်ခဲ့ပါတယ် ။ အခုဆိုရင် ကင်ဆာကလပ်စည်းတွေ လျှော့ကျ သွားပြီး ထိန်းချုပ်ထားနိုင်တဲ့အတွက် ကျန်းမာရေးနဲ့ ခွန်အား ပြန်ကောင်းလာပါတယ် ။ မူလ အလုပ်အကိုင်လည်း ပြန်ပြီး လုပ်ကိုင်နိုင်ပါပြီ ။
သုတေသီ တိုမီဇသက သူ့ရဲ့ ``ကင်ဆာရောဂါ ကြောက်စရာမလို၊ ကျန်းမာစေကြောင်း နည်းလမ်းကောင်း ``(The way to healthy life ; Cancer not to be feared) ဆိုတဲ့ စာအုပ်ထဲမှာ ကင်ဆာ ရောဂါခွဲစိတ်ကုသခဲ့သည့်တိုင်အောင် လူနာရဲ့ အကြောက်တရားကြောင့် ကင်ဆာကလပ်စည်းတွေ ပျံနှံ့ ကုန်ရပါတယ် ။သူဟာ ကင်ဆာဆေးအဆက်မပြတ်မှီဝဲရပြီး ဓါတ်ကင် ပြီးသွားပြီဆိုတဲ့ သတင်းမကြားရသလောက်ပါပဲ ။ ဒါ့အပြင် ပြင်းထန်တဲ့ကုထုံးတွေရဲ့ ဘေးထွက်ဆိုးကျိုးတွေရဲ့ အကျိုးဆက်ကို လူနာက ခံစားရပါသေးတယ် ။ အကျိုးဆက်အနေနဲ့ လူနာဟာ ခံတွင်းပျက်ခြင်း ၊ အားအင် ချည့်နဲ့လာခြင်းတို့ဖြစ်လာရပါတယ် ။ အာလူးစိမ်း ဓါတ်စာကို သောက်ခြင်းအားဖြင့် ဘေးထွက် ဆိုးကျိုးတွေ မခံစားရပဲ လူနာဟာ တစ်နေ့တစ်ခြား အားအင်ပြည့်ဖြိုးလာတာတွေ့ရပါတယ် ။ အာလူးပင်ဟာ ပင်ကိုယ်ကအာဟာရပြည့်ဝနေတဲ့ အစာတစ်ခုဖြစ်တဲ့အတွက် အကျိုးမယုတ်ပါဘူး ။ သူ့ကို မှန်မှန်မှီဝဲခြင်းအားဖြင့် ကင်ဆာ ကလပ်စည်း တွေကို ဟန့်ထားစေပါတယ် ။`` လို့ဖော်ပြထာားပါတယ် ။အာလူးစိမ်း ဓါတ်စာဟာ ကိုယ်တိုင် လွယ်လွယ်ကူကူ ဖော်စပ်နိုင်ပြီး ချက်ချင်းလက်ငင်း သောက်သုံးနိုင်ပါတယ် ။ပြီးတော့ အဲဒီအချိန်တိုအတွင်းမှာ သူ့ရဲ့ အာနိသင်ကို တွေ့ထိခံစားနိုင်ပါတယ် ။ `` ဓါတ်စာ တစ်ပါတ် နှစ်ပါတ်လောက် သောက်ပြီးတာနဲ့ နာကျင် ကိုက်ခဲမှုဝေဒနာတွေ တစ်စတစ်စ လျှော့ပါးသွားပါတယ် ။ ခံတွင်းပြန်ပြီးကောင်းလာမယ် ။အသားအရေပြန်ပြီးကောင်းလာမယ် ။အာလူးစိမ်း ဓါတ်စာကို အထူးသဖြင့် ထောက်ခံတဲ့နောက်တစ်ဦးကတော့ ဒေါက်တာ ကိုင်နိုရှိတ ဖြစ်ပါတယ် ။သူ့အဆိုတွေက ``အာလူးကို ဥရောပတိုက်သားတွေက တစ်ချိန်တုန်းက မဟာပထ၀ီမြေကြီးရဲ့ ပန်းသီး (Apple of the great earth) လို့ခေါ်ခဲ့ကြောင်း သိရပါတယ် ။အာလူးမှာ အဟာရဓါတ်တွေ စုံစုံလင်လင်ပါရှိပြီး အထူးသဖြင့်ဗိုက်တာမင်စီဓါတ်နဲ့ ထုံးဓါတ်တို့ အများဆုံးပါဝင်ပါတယ် ။ရှေးဟောင်း ဂျာမန်ဆေးကျမ်းတွေမှာ အာလူးစိမ်းဓါတ်စာရည်ကို ..အစာအိမ်အနာပေါက်ခြင်း ၊ ၀မ်းချုပ်ခြင်းတွေ အတွက်ပေး ရကြောင်း ဖော်ပြထားပါတယ် ။ကင်ဆာကလပ်စည်းတွေကို ထိန်းချုပ်နုင်ခြင်းနှင့်ပါတ်သက်ပြီး အာကိတ တက္ကသိုလ် ဆေးသုတေသန ဌာနက ပါမောက္ခ ကာ ဂါမိ ကပြောကြားရာမှာ `` ကင်ဆာကလပ်စည်းကို ထိန်းချုပ်စေတဲ့ ဓါတ်ကိုရှာဖွေဖော်ထုတ်နိုင်ခဲ့ပါတယ် ။အဲဒီဆေးနဲ့ ကြွက်ကလေးတွေ အပေါ်မှာ စမ်းသပ်ကြည့်တဲ့အခါ အလားအလာကောင်းမွန်ကြောင်းတွေ့ရပါတယ် ။
သူဟာ သူ့ရဲ့တွေ့ရှိချက်ကို စာတမ်းပြုစုပြီး မနှစ်က ဂျာမနီနိုင်ငံမှာကျင်းပခဲ့တဲ့ အပြည်ပြည်ဆိုင်ရာ ကင်ဆာညီလာခံ( International Cancer Society Conference ) မှာ ဖတ်ကြားတင်သွင်းခဲ့ပါ
တယ် ။
နောက်ဆက်တွဲအနေနဲ့ အာလူးစိမ်းဓါတ်စာ ဖျော်ရည်လုပ်နည်းဟာ အလွန်ပဲလွယ်ကူပါတယ် ။အရွယ်တူ အာလူး (၃)လုံးကိုယူပြီး ရေစင်အောင်ဆေးပါ ၊ အခွံမနွှာရပါ ။ အစို့ပေါက်လေးများရှိရင် ဖယ်ရှားပေးပါ ။ပြီးလျှင် အာလူးကို သခွားခြစ်ဖြင့် အစလေးများဖြစ်အောင် ခြစ်ပေးပါ ။ ပြီးက အဲဒီအစလေးများကို သန့်ရှင်းသော ပိတ်စိမ်း ပါးစဖြင့် ထုပ်ပြီး (အုန်းနို့ညှစ်သကဲ့သို့)အရည်ညှစ်ယူပါ ၊အဲဒီအရည်ကိုခွက်ထဲမှာ ထည့်ပြီး အရသာကောင်းအောင် ပျားရည် နဲနဲရောစပ်ပြီး သောက်ပါ ။ အဲဒီအာလူးအရည်ကို နံနက်တိုင်း တစ်ခွက်နှုန်းဖြင့်သောက်ပေးနိုင်ပါတယ် ။ဖြန့်ဝေသူ၏ အမှာစကားယနေ့ကာလခေတ်တွင် ကင်ဆာရောဂါသည် အလွန်အဖြစ်များ၍ ငွေကုန်ကြေးကျ များသောရောဂါဖြစ်
ပါသည် ။
ကင်ဆာရောဂါပျောက်ကင်းစေနိုင်သော တိုင်းရင်းဆေး ၊ နိုင်ငံခြားဖြစ်ဆေး အမြောက်အများပေါ်ထွက်လျှက်ရှိပါသည်။ဗုဒ္ဓဘာသာအလိုရ ခန္ဓာရှိ၍ ဝေဒနာရှိဖြင်းဖြစ်ပါသည် ။မိမိပြုသော ကုသိုလ် ၊ အကုသိုလ် အစုစုတို့သည် သံသရာ ပြန်၍ တစ် ဖန် လည်ခြင်းဖြစ်ပါသည် ။ ထို့ကြောင့် စိတ်ဓါတ်မကျဘဲ ၊ အားမငယ်ဘဲ မိမိတို့၏ ရောဂါဝေဒနာများကို စိတ်ဓါတ်ကြံ့ခိုင်စွာ ၊ နည်းလမ်းပေါင်းစုံဖြင့် ကုသရမည့်ဖြစ်ပါသည် ။မိမိ၏ ကုသိုလ်ကံတရားအကျိုးပေးသော် မိမိနှင့်ကိုက်ညီသော ဆေးဝါးများ ၊ ဆရာသမားများ (အနာနှင့်ဆေးတည့်သော်) တွေ့ကာ ရောဂါအမြစ်ပြတ်ကာ (လုံးဝ)အရှင်း ပျောက်ကင်းချမ်းသာနိုင်ပါသည် ။သို့ဖြစ်ရာ အထက်တွက်ဖော်ပြခဲ့သော အာလူးစိမ်းဖျော်ရည်သည် ကုန်ကျစရိတ်နည်းပါးသည့် အပြင် ပြုလုပ်ရန်နည်းလမ်း သည် အလွန်ရိုးရှင်းပါသည် ။ လူသားတို့ စားသုံးသော သဘာဝ သဘာဝ ဓါတ်စာဖြစ်သည့်အတွက်ကြောင့် ဘေးထွက် ဆိုး ကျိုးမရှိပါ ။
ထို့ကြောင့် ရောဂါဝေဒနာရှင်များ လက်တွေ့အသုံချနိုင်ရန် အကျိုးငှာ ဤ ဆေးနည်းအား တဆင့်ပြန်လည် ဝေငှပေးခြင်းဖြစ်ပါသည်။

အဲဒါ ဗမာကွ


မြန်မာလူမျိုး တော်တော်များများဟာ အင်္ဂလိပ်စာကို အကျွမ်းကြီး မဟုတ်တောင်နဲနဲပါးပါးတော့ပြောနိုင်ဆိုနိုင်ကြပါတယ်။

ဆိုက်ကားသမား Taxi သမားကအစ၊မြင်းလှည်းသမား အဆုံး နဲနဲပါးပါးတော့ ပြောတက်ကြပါတယ်။ ဒါပေမယ့်လည်းလူတိုင်းသတိထားရမှာက နိုင်ငံခြားသားတိုင်း အင်္ဂလိပ်စာမတက်ဖူးဆိုတာပဲ။ပြင်သစ် တော်တော်များများ အင်္ဂလိပ်စာဘက်မှာ အားနည်းပါတယ်။

ဒီအဖြစ်အပျက်ကလေးကတော့ Taxi သမားတစ်ယောက်ကြုံခဲ့ရတဲ့ဟာလေးပေါ့။

တစ်ခါကနိုင်ငံခြားသားတစ်ယောက် (ပြင်သစ်လူမျိုး) ကားငှားတယ်….Taxi သမားကမေးလိုက်တယ်… သူတက်သမျှမှတ်သမျှလေးနဲ့ပေါ့…Where u go?

Reclining Buddha. (လျောင်းတော်မူဘုရား)ြ ပင်သစ်လူမျိုးက Buddha "ဗုဒ္ဓ" ကို"ဘုတ" ဆိုပြီးပြောလိုက်တော့… ကားသမားကYes. Yes. 1500 kyats.Ok.ဆိုပြီးထွက်သွားကြရော…. မိနစ် ၂၀ လောက်နေတော့ ရှုးရှုးရှဲရှဲနဲ့ပြန်ရောက်လာတယ်…ဘာဖြစ်လို့လဲ မေးကြည့်တော့… ပြင်သစ်လူမျိုးက သူဘုရားသွားချင်တာကို သူ့ကိုတစ်ခြားနေရာခေါ်သွားတယ်တဲ့… ဒါနဲ့ချစ်ပါတယ်လဲဘယ်ရမလဲကားသမားကိုဖြဲတာပေါ့......(ပါးစပ်)ခင်းဗျားကဘယ်ကိုခေါ်သွားတာလဲဆိုတော့…ရန်ကုန်ဘူတာကြီးကိုတဲ့ သူပြောတယ် ဘူတာ ဘူတာ နဲ့ဆိုလို့ရန်ကုန်ဘူတာကြီးကိုခေါ်သွားလိုက်တာလေတဲ့….ကောင်းပါလေ့… ကောင်းပါလေ့.…့လို့ပဲ ပြောလိုက်ရတော့တယ်….။ တစ်ခါက ကားသမားတစ်ယောက်ကလဲ ခရီးစဉ်ထွက်သွားတယ်…။ နိုင်ငံခြားသားတွေနဲ့ပဲ….ကလော၊ အင်းလေး၊ တောင်ကြီး၊ မန္တလေး အစုံပေါ့…..ကလောရောက်တော့ နှစ်ညအိပ်တယ်...။ နောက်တစ်နေ့မနက်စထွက်မယ်ဆိုတော့မနက်အစောကြီး အရမ်းအေးပြီး ကားက နှိုးလို့မရဘူး… ။သွားတဲ့အချိန်ကလဲဒီဇင်ဘာလကြီးဆိုတော့ အေးလိုက်တာမှာ ခိုက်ခိုက်ကိုတုန်နေတာပဲ။ ဒါပေမယ့်ကားသမားကတော့ သူ့ကားနှိုးလို့မရလို့ ချွေးတွေပြန်ပြီးဒေါသတွေထွက်နေပြီ။ နိုင်ငံခြားသားတွေကလဲ ဘာဖြစ်တာလဲ..ကားကတစ်လမ်းလုံးကောင်းနေပြီးတော့ အခုမှဘာဖြစ်တာလဲဆိုပြီး ပွစိ ပွစိနဲ့ပေါ့…။ ဒါနဲ့ကြံရာမရတဲ့အဆုံး ကားသမားက ဟိုတယ်ကနေမီးတုတ်တစ်ခုတောင်းလိုက်တယ်။ နောက်ပြီးကားအောက်ထဲကို ဖင်ဘူးတောင်းထောင်အောင်ကုန်းပြီး ကားအင်ဂျင်ကို အပူပေးတော့တာပဲ… Heatတိုက်တယ်လို့လဲခေါ်တယ်လေ… အဲဒီမှာတင် နိုင်ငံခြားသားတွေအကုန်လုံးပြူးပြူးပျာပျာ တွေဖြစ်ကုန်ပြီး ကားနားလေးကနေ၀ုန်းကနဲကိုထွက်ပြေးကုန်ကြတယ်… ပြီးတော့ အနားလဲမကပ်ရဲ… ကားသမားကလဲ အားရပါးရကိုမီးတုတ်ကြီးနဲ့ ဖင်ကြီးကုန်းပြီး Heat တိုက်လို့ကောင်းတုန်း…အင်ဂျင်ပူလောက်ပြီထင်မှ ကားအောက်ကနေထွက်လာတယ်… အဲဒီမှာတင် ခေါင်းဆောင်နိုင်ငံခြားသားကမေးလိုက်တယ်…Are u crazy?အာ ယူ ကလေးစီး… တဲ့....ကားသမားလဲ နဂိုကမှ ကားစက်မနိုးလို့ဒေါသထွက်နေရတဲ့အထဲ အခုလိုလာပွားတော့တင်းသွားပြီးThis is not ကလေးစီး. This is လူကြီးစီး……. ဆိုပြီးတော့ ပြောလဲပြောကားပေါ်လဲတက်ပြီး စက်နှိုးလိုက်တာ ၀ူး….ကနဲနိုးသွားပြီးလိုရာခရီးကိုဆက်သွား ခဲ့ရတယ်လေ….အဲဒီမှာတင်နိုင်ငံခြားသားတွေက မီးတုတ်ကြီးတွေမြင်တိုင်း လူကြီးစီးလူကြီးစီး… ဆိုပြီးထအော်တော့တာပဲ….ပုဂံက အမှတ်တရလက်ဆောင် ရောင်းတဲ့မိန်းမကြီးကလဲအင်္ဂလိပ်စကားကိုအရမ်းပြောတက် ချင်တာ… တိုးရစ်ဂိုက်တွေလာရင်သူတို့ပြောတာကြည့်ပြီး အရမ်းကိုပြောတက်ချင်တာပေါ့..။

ခင်တဲ့ ဂိုက်တွေကလဲသင်ပေးတယ်…။ အားလဲပေးတယ် ပြောသာပြောအစ်မ မကြောက်နဲ့ မှားသွားရင်လဲရှက်စရာမလိုဘူး။ သူတို့လဲ ဒီလိုနဲ့ပဲစခဲ့တာပဲ ဘာညာပေါ့နော။ အဲဒီမှာတင်အားတွေရှိပြီးပြောချင်နေတော့တာပဲ…ဒီလိုနဲ့ပဲ ခရီးသွားအဖွဲ့တစ်ခု သူ့ဆိုင်ကိုဝင်လာတယ်။ ခေါင်းဆောင်ဂိုက်ကလဲ သူနဲ့ခင်နေတော့ အစ်မပြော မကြောက်နဲ့ ဆိုပြီး သင်ပေးတယ်ပြောခိုင်းတယ်….အဲဒီမှာ နိုင်ငံခြားသားတစ်ယောက်က ဘီလူးရုပ်ကလေးတစ်ခုကိုမေးလိုက်တယ်…..How much is it? (ဘယ်လောက်လဲ)It is 80$. ဒေါ်လာရှစ်ဆယ်ကျပါတယ်ပေါ့… အဲဒီအထိဟုတ်နေတုန်းပဲ…နိုင်ငံခြားသား ဆက်ပြောလိုက်တာက…Oh… very Expensive….အစ်မကြီးက.. အင်္ဂလိပ်စကားလဲပြောချင် သူ့အရုပ်လေးမရောင်းရမှာကိုစိုးရိမ်ပြီးတော့ ပြောလိုက်တာက…မExpensive ဖူးလေ… very cheap တယ်လေ… If you like I လျှော့ပေးမယ်လေ.. တဲ့…ဂိုက်အစ်ကိုကြီးတောင် ပါးစပ်အဟောင်းသားဖြစ်သွားတယ်….။ တစ်ခါက အဲဒီအစ်မကြီးကိုပဲ နိုင်ငံခြားသားတစ်ယောက်က အိမ်သာတက်ချင်လို့မေးတယ်…Where is toilet? ဆိုတော့…အိမ်သာကတည့်တည့်သွားလို့မရဘူး… ခြံရဲ့အစွန်မှာ… လမ်းမှာနှစ်ခါလောက်ကွေ့ရမှာ… အဲဒါနဲ့အစ်မကြီးပြောလိုက်တာက…This way… you go. You go and ကွေ့ ကွေ့ go ဆိုပြီးလက်ဟန်ခြေဟန်နဲ့ပြလိုက်တာ နိုင်ငံခြားသားလဲ အိမ်သာကိုတန်းရောက်သွားတယ်တဲ့…။

သြော်..... သူ့ဟာနဲ့သူတော့ ဟုတ်နေတာပဲလို့…..။


ဒီစာလေးကိုဖတ်ပြီး အင်္ဂလိပ်စကားလေးမတက်တခေါက်နဲ့ အလုပ်လုပ်နေကြရတဲ့ ရွှေတွေအကြောင်းတွေးမိရင်း ပြုံးမိတော့တယ်။

မှတ်ထား အဲဒါ ဗမာကွ..။

သံစဉ်များဖြင့် ကုစားပါ...

သံစဉ်များဖြင့် ကုစားပါ...
ကျန်းမာရေးအသိပညာပေးစာစဉ် 20/2009 (16.5.09)မှ

မျက်စိနဲ့ မမြင်နိုင်တဲ့ သံစဉ်တေးသွားတွေဟာ လူ့ကျန်းမာရေးအပေါ် တစ်စိတ်တစ်ပိုင်း သက်ရောက်မှုရှိတယ်ဆိုတာယုံပါသလား။ လူတွေဟာ ဟိုး... လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက သံစဉ်တေးသွားတွေနဲ့ ရင်းနှီးကျွမ်းဝင်ခဲ့ကြပါတယ်။ မိမိတို့နှစ်သက်ရာ ဂီတအသွင်ပုံစံအမျိုးမျိုးကို ခံစားရင်း ရုန်းကန်လှုပ်ရှား လာခဲ့ကြတာ ယနေ့အထိပါပဲ။ ခေတ်ကာလအနေအထားအရ မိမိရဲ့ခိုင်မာတဲ့ဘ၀ရပ်တည်မှုတစ်ခုအတွက် သူ့ထက်ငါအပြိုင်အဆိုင် ကြိုးစားလာကြရာတွင် စိတ်ဖိစီးမှု၊ စိတ်ဓာတ်ကျမှုစတာတွေဟာ လူတွေရဲ့ ကျန်းမာရေးကို ထိခိုက်စေတဲ့ ၀န်ထုပ်ဝန်ပိုးတွေ ဖြစ်လာပါတယ်။ အလုပ်အလွန်လုပ်ကြတဲ့ ဂျပန်နိုင်ငံသားတွေဟာ အလုပ်ကပြန်ရင် မိတ်ဆွေအပေါင်းအသင်းတွေနဲ့ ကာရာအိုကေသွားဆိုလေ့ရှိကြပါတယ်။ တစ်နေကုန် ပင်ပန်းနွမ်းနယ်သမျှကို သီချင်းတွေနဲ့ စိတ်လွတ်ကိုယ်လွတ် ဖြေဖျောက် တတ်ကြပါတယ်။ ဒါကြောင့်လည်း ကာရာအိုကေအစ ဂျပန်ကလို့ပင် ဆိုနိုင်ပါတယ်။ဒေါသကို သံစဉ်များဖြင့် ကုစားပါ အကြောင်းကိ စ္စတစ်စုံတစ်ရာကို မကျေနပ်၍ သော်လည်းကောင်း ဒေါသဖြစ်စရာကြုံလာခဲ့လျှင် မိမိဖြစ်ပျက်သော အကြောင်းအရာမှ ခေတ္တရှောင်တိမ်းလိုက်ပါ။ ဒေါသဖြစ်စရာတွေတွေးမယ့်အစား မြူးကြွတဲ့ သီးချင်းတစ်ပုဒ်နဲ့အတူ လိုက်ဆိုပစ်လိုက်ပါ။ ဒေါသများပြေလျော့လာတာကို တွေ့ရပါလိမ့်မယ်။ သီချင်းတစ်ပုဒ်ကို နားထောင်လိုက်ခြင်း၊ သံစဉ်နဲ့အတူ အော်ဟစ်သီကြွေးလိုက်ခြင်းဖြင့် မိမိ၏စိတ်အာရုံကို လွှဲပြောင်းထားရာ ရောက်စေပါတယ်။ ထို့ပြင် အာရုံကြောများကိုလည်း ပြေလျော့စေနိုင်ပါတယ်။စိတ်ဖိစီးမှုကို သံစဉ်များဖြင့်ကိုစားပါ အလုပ်တွေ အရမ်းများလို့ ခေါင်းရှုပ်လာပြီဆိုရင် လုပ်လက်စ အလုပ်ကို ခေတ္တချပြီး ငြိမ့်ညောင်းသာယာတဲ့ သီချင်းအေးအေးလေးကို ခံစားရင်း စိတ်ကြည်လင်စေမယ့် အအေးသို့မဟုတ် ဖျော်ရည်တစ်ခုခုကို သောက်လိုက်ပါ။ တဖြည်းဖြည်း စိတ်ကြည်လင်လာတော့မှ မိမိအလုပ်ကို ဆက်လုပ်ပါ။ ဒါကြောင့် မိမိကိုယ်ကိုစိတ်ပင်ပန်းမခံဘဲ သီချင်းများဖြင့် ဖြေဖျောက်နိုင်ပါတယ်။ စိတ်ပင်ပန်းမှုကြောင့် ကျန်းမာရေးကို မထိခိုက်ရလေအောင် ၅ မိနစ်၊ ၁၀ မိနစ်ခန့်ပဲဖြစ်ဖြစ်သံစဉ်များဖြင့် ကုစားပါလို့ အကြံပြုပါရစေ။
Ref: စုထက်ထက်အောင် (ဆေးဝါးကျွမ်းကျင်၊ ရန်ကုန်)၊ Good Health - No.76

နားဖောက်သူများ

ဟိုအရင် ဒီပုံတွေမမြင်ရသေးခင်က တက်တူ ဆေးမှင်ကြောင်ထိုးတာကို အတော်အရုပ်ဆိုးပြီး အသားအနာခံကြတယ်လို့  မှတ်ထင်မိခဲ့တယ်။
အခု ဒီလိုဖောက်ထားတာတွေမြင်ရတော့ လက်လန်သွားတယ်။
မြန်မာပြည်က ညီငယ်၊ညီမငယ်များ ဒီလိုစိတ်ရိုင်းတွေမ၀င်မိပါစေနဲ့ ။
ဒီလိုအတုတွေမယူပါစေနဲ့ လို့ ဆုတောင်းရမှာပဲ။
အမေရိကနဲ့ အနောက်နိုင်ငံတွေမှာတော့ ဒီပုံတွေထဲကလောက်မဆိုးသေးပေမယ့် မိန်းခလေးရော ယောင်္ကျားလေးရော ဖောက်နေကြတာ တွေ့ လာနေရပါပြီ။
သြော် ....ဒုက္ခ....ဒုက္ခ.....ဒုက္ခ














I will never complain about MY kids again .
I will never complain about MY kids again .I will never complain about MY kids again . I will never complain about MY kids again .
this to a parent!
Now have a great day! And be glad this is not your child...
Related Posts Plugin for WordPress, Blogger...