အရောင်အသွေးစုံလင်လှသည့် တေးသီချင်းများ၊ကက်ဆက်ဇာတ်လမ်းများ၊ဇတ်ထုတ်များ၊ရှားပါးအသံဖိုင်များကို ဝါသနာတူမိတ်ဆွေတို့၏ အကူအညီဖြင့် ရှာဖွေစုဆောင်းပေးထားပါသည်။ မူပိုင်ခွင့်များကို လေးစားသောအားဖြင့် စီးပွါးရေးအရ ပြန်လည်ကူးယူပြီး အသုံးမပြုကြရန် အထူးမေတ္တာရပ်ပါသည်။ (ဖြူနီဝါပြာတေးသံသာ)

Sunday, October 04, 2009

သံစဥ္မ်ားျဖင့္ ကုစားပါ...

သံစဥ္မ်ားျဖင့္ ကုစားပါ...
က်န္းမာေရးအသိပညာေပးစာစဥ္ 20/2009 (16.5.09)မွ

မ်က္စိနဲ႔ မျမင္ႏိုင္တဲ့ သံစဥ္ေတးသြားေတြဟာ လူ႕က်န္းမာေရးအေပၚ တစ္စိတ္တစ္ပုိင္း သက္ေရာက္မႈရွိတယ္ဆုိတာယုံပါသလား။ လူေတြဟာ ဟုိး... လြန္ခဲ့တဲ့ ႏွစ္ေပါင္းမ်ားစြာကတည္းက သံစဥ္ေတးသြားေတြနဲ႔ ရင္းႏွီးကၽြမ္း၀င္ခဲ့ၾကပါတယ္။ မိမိတုိ႔ႏွစ္သက္ရာ ဂီတအသြင္ပုံစံအမ်ဳိးမ်ဳိးကုိ ခံစားရင္း ရုန္းကန္လႈပ္ရွား လာခဲ့ၾကတာ ယေန႔အထိပါပဲ။ ေခတ္ကာလအေနအထားအရ မိမိရဲ႕ခုိင္မာတဲ့ဘ၀ရပ္တည္မႈတစ္ခုအတြက္ သူ႕ထက္ငါအျပဳိင္အဆုိင္ ၾကဳိးစားလာၾကရာတြင္ စိတ္ဖိစီးမႈ၊ စိတ္ဓာတ္က်မႈစတာေတြဟာ လူေတြရဲ႕ က်န္းမာေရးကုိ ထိခုိက္ေစတဲ့ ၀န္ထုပ္၀န္ပုိးေတြ ျဖစ္လာပါတယ္။ 

အလုပ္အလြန္လုပ္ၾကတဲ့ ဂ်ပန္ႏုိင္ငံသားေတြဟာ အလုပ္ကျပန္ရင္ မိတ္ေဆြအေပါင္းအသင္းေတြနဲ႔ ကာရာအုိေကသြားဆုိေလ့ရွိၾကပါတယ္။ တစ္ေနကုန္ ပင္ပန္းႏြမ္းနယ္သမွ်ကုိ သီခ်င္းေတြနဲ႔ စိတ္လြတ္ကုိယ္လြတ္ ေျဖေဖ်ာက္ တတ္ၾကပါတယ္။ ဒါေၾကာင့္လည္း ကာရာအုိေကအစ ဂ်ပန္ကလုိ႔ပင္ ဆုိႏုိင္ပါတယ္။ေဒါသကုိ သံစဥ္မ်ားျဖင့္ ကုစားပါ အေၾကာင္းကိ စၥတစ္စုံတစ္ရာကုိ မေက်နပ္၍ ေသာ္လည္းေကာင္း ေဒါသျဖစ္စရာၾကံဳလာခဲ့လွ်င္ မိမိျဖစ္ပ်က္ေသာ အေၾကာင္းအရာမွ ေခတၱေရွာင္တိမ္းလုိက္ပါ။

 ေဒါသျဖစ္စရာေတြေတြးမယ့္အစား ျမဴးၾကြတဲ့ သီးခ်င္းတစ္ပုဒ္နဲ႔အတူ လုိက္ဆုိပစ္လုိက္ပါ။ ေဒါသမ်ားေျပေလ်ာ့လာတာကုိ ေတြ႕ရပါလိမ့္မယ္။ သီခ်င္းတစ္ပုဒ္ကုိ နားေထာင္လုိက္ျခင္း၊ သံစဥ္နဲ႔အတူ ေအာ္ဟစ္သီေၾကြးလုိက္ျခင္းျဖင့္ မိမိ၏စိတ္အာရုံကုိ လႊဲေျပာင္းထားရာ ေရာက္ေစပါတယ္။ ထု႔ိျပင္ အာရုံေၾကာမ်ားကုိလည္း ေျပေလ်ာ့ေစႏုိင္ပါတယ္။

စိတ္ဖိစီးမႈကုိ သံစဥ္မ်ားျဖင့္ကုိစားပါ အလုပ္ေတြ အရမ္းမ်ားလုိ႔ ေခါင္းရႈပ္လာျပီဆုိရင္ လုပ္လက္စ အလုပ္ကို ေခတၱခ်ျပီး ျငိမ့္ေညာင္းသာယာတဲ့ သီခ်င္းေအးေအးေလးကုိ ခံစားရင္း စိတ္ၾကည္လင္ေစမယ့္ အေအးသုိ႔မဟုတ္ ေဖ်ာ္ရည္တစ္ခုခုကုိ ေသာက္လုိက္ပါ။

 တျဖည္းျဖည္း စိတ္ၾကည္လင္လာေတာ့မွ မိမိအလုပ္ကုိ ဆက္လုပ္ပါ။ ဒါေၾကာင့္ မိမိကုိယ္ကုိစိတ္ပင္ပန္းမခံဘဲ သီခ်င္းမ်ားျဖင့္ ေျဖေဖ်ာက္ႏုိင္ပါတယ္။ စိတ္ပင္ပန္းမႈေၾကာင့္ က်န္းမာေရးကုိ မထိခုိက္ရေလေအာင္ ၅ မိနစ္၊ ၁၀ မိနစ္ခန္႔ပဲျဖစ္ျဖစ္သံစဥ္မ်ားျဖင့္ ကုစားပါလုိ႔ အၾကံျပဳပါရေစ။


Ref: စုထက္ထက္ေအာင္ (ေဆး၀ါးကၽြမ္းက်င္၊ ရန္ကုန္)၊ Good Health - No.76
..............................................................................................................

သံစဉ်များဖြင့် ကုစားပါ...
ကျန်းမာရေးအသိပညာပေးစာစဉ် 20/2009 (16.5.09)မှ

မျက်စိနဲ့ မမြင်နိုင်တဲ့ သံစဉ်တေးသွားတွေဟာ လူ့ကျန်းမာရေးအပေါ် တစ်စိတ်တစ်ပိုင်း သက်ရောက်မှုရှိတယ်ဆိုတာယုံပါသလား။ လူတွေဟာ ဟိုး... လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက သံစဉ်တေးသွားတွေနဲ့ ရင်းနှီးကျွမ်းဝင်ခဲ့ကြပါတယ်။ မိမိတို့နှစ်သက်ရာ ဂီတအသွင်ပုံစံအမျိုးမျိုးကို ခံစားရင်း ရုန်းကန်လှုပ်ရှား လာခဲ့ကြတာ ယနေ့အထိပါပဲ။ ခေတ်ကာလအနေအထားအရ မိမိရဲ့ခိုင်မာတဲ့ဘဝရပ်တည်မှုတစ်ခုအတွက် သူ့ထက်ငါအပြိုင်အဆိုင် ကြိုးစားလာကြရာတွင် စိတ်ဖိစီးမှု၊ စိတ်ဓာတ်ကျမှုစတာတွေဟာ လူတွေရဲ့ ကျန်းမာရေးကို ထိခိုက်စေတဲ့ ဝန်ထုပ်ဝန်ပိုးတွေ ဖြစ်လာပါတယ်။

 အလုပ်အလွန်လုပ်ကြတဲ့ ဂျပန်နိုင်ငံသားတွေဟာ အလုပ်ကပြန်ရင် မိတ်ဆွေအပေါင်းအသင်းတွေနဲ့ ကာရာအိုကေသွားဆိုလေ့ရှိကြပါတယ်။ တစ်နေကုန် ပင်ပန်းနွမ်းနယ်သမျှကို သီချင်းတွေနဲ့ စိတ်လွတ်ကိုယ်လွတ် ဖြေဖျောက် တတ်ကြပါတယ်။ ဒါကြောင့်လည်း ကာရာအိုကေအစ ဂျပန်ကလို့ပင် ဆိုနိုင်ပါတယ်။ဒေါသကို သံစဉ်များဖြင့် ကုစားပါ အကြောင်းကိ စ္စတစ်စုံတစ်ရာကို မကျေနပ်၍ သော်လည်းကောင်း ဒေါသဖြစ်စရာကြုံလာခဲ့လျှင် မိမိဖြစ်ပျက်သော အကြောင်းအရာမှ ခေတ္တရှောင်တိမ်းလိုက်ပါ။ ဒေါသဖြစ်စရာတွေတွေးမယ့်အစား မြူးကြွတဲ့ သီးချင်းတစ်ပုဒ်နဲ့အတူ လိုက်ဆိုပစ်လိုက်ပါ။ 

ဒေါသများပြေလျော့လာတာကို တွေ့ရပါလိမ့်မယ်။ သီချင်းတစ်ပုဒ်ကို နားထောင်လိုက်ခြင်း၊ သံစဉ်နဲ့အတူ အော်ဟစ်သီကြွေးလိုက်ခြင်းဖြင့် မိမိ၏စိတ်အာရုံကို လွှဲပြောင်းထားရာ ရောက်စေပါတယ်။ ထို့ပြင် အာရုံကြောများကိုလည်း ပြေလျော့စေနိုင်ပါတယ်။

စိတ်ဖိစီးမှုကို သံစဉ်များဖြင့်ကိုစားပါ အလုပ်တွေ အရမ်းများလို့ ခေါင်းရှုပ်လာပြီဆိုရင် လုပ်လက်စ အလုပ်ကို ခေတ္တချပြီး ငြိမ့်ညောင်းသာယာတဲ့ သီချင်းအေးအေးလေးကို ခံစားရင်း စိတ်ကြည်လင်စေမယ့် အအေးသို့မဟုတ် ဖျော်ရည်တစ်ခုခုကို သောက်လိုက်ပါ။

တဖြည်းဖြည်း စိတ်ကြည်လင်လာတော့မှ မိမိအလုပ်ကို ဆက်လုပ်ပါ။ ဒါကြောင့် မိမိကိုယ်ကိုစိတ်ပင်ပန်းမခံဘဲ သီချင်းများဖြင့် ဖြေဖျောက်နိုင်ပါတယ်။ စိတ်ပင်ပန်းမှုကြောင့် ကျန်းမာရေးကို မထိခိုက်ရလေအောင် ၅ မိနစ်၊ ၁၀ မိနစ်ခန့်ပဲဖြစ်ဖြစ်သံစဉ်များဖြင့် ကုစားပါလို့ အကြံပြုပါရစေ။


Ref: စုထက်ထက်အောင် (ဆေးဝါးကျွမ်းကျင်၊ ရန်ကုန်)၊ Good Health - No.76


No comments:

Post a Comment